ညောင်ဦး အောက်တိုဘာ ၅
ကိုဗစ်-၁၉ရောဂါ ကာလအလွန် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်လာရောက်ကြမည့် ခရီးသွားပြည်သူများနှင့်ငှက်ချစ်သူများ၊ ရှားပါးငှက်လေ့လာချင်သူများ၊အတွက် ကမ္ဘာပေါ် တွင် မြန်မာတစ်နိုင်ငံထဲမှာသာရှိသည့် မြန်မာ့ဒေသမျိုးရင်း ရှားပါးငှက် ၉ မျိုးဖြစ်သည့် စွေ့ငှက်၊ ဘီလုံးငှက်၊ငှက်မင်းသားဝမ်းဖြူ၊ ဧရာဝတီဗွတ်ချွဲ၊ ချိုးလင်းပြာ၊နဖားကြူးအမြီး ဝိုင်း၊ငှက်လက်မမြီးရှည်ညို၊မျက်ခုံးဖြူငှက်ပြာခြောက်၊ မြန်မာ့တစ်ငှက် အစရှိသောငှက် ၉ မျိုးတို့သည် မြန်မာတစ်နိုင်ငံထဲမှာသာရှိပြီး ငှက်ချစ်သူများ၊ငှက်ဝါသနာရှင်များနှင့်သတ္တ ဗေဒကျောင်းသား၊ကျောင်းသူများ၊လာရောက်လေ့လာနိုင်ပြီး တစ်ကမ္ဘာလုံးမှငှက်ချစ်သူ များ၊ ငှက်လေ့လာလိုသူများ စိတ်ကျေနပ်မှုရရှိစေမည့် ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေး မှုဇုန်ခရီးစဉ်အတွင်း ရှားပါးငှက်မျိုးစိတ် ၇မျိုးကိုလေ့လာနိုင်ကြောင်း သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်ကရှင်းပြသည်။
မြန်မာ့နိုင်ငံတွင်ဒေသမျိုးရင်းငှက် ၉မျိုးရှိသည့်အနက် ငှက် ၇မျိုးကိုပုဂံရှေးဟောင်း ဇုန်အတွင်းတွေ့ရှိရပြီး စွေ့၊ ဘီလုံး၊ ငှက်မင်းသားဝမ်းဖြူ၊ ဧရာဝတီဗွတ်ချွဲ၊ချိုးလင်းပြာ၊ နဖားကြူးအမြီးဝိုင်းနှင့်ငှက်လက်မမြီးရှည်ညိုတို့ကို ပုဂံမြို့လောကနန္ဒာဉယျာဉ်အတွင်း နှင့်ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းတွေ့နိုင်ပေသည်။ကျန်ရှားပါးမျိုးစိတ်ငှက်နှစ် မျိုးဖြစ်သည့် မျက်ခုံးဖြူငှက်ပြာခြောက်နှင့်မြန်မာ့တစ်ငှက်တို့ကို ချင်းပြည်နယ်တောင် ပိုင်း၊ နတ်မတောင်အမျိုးသားဥယျာဉ်တွင်သာတွေ့ရှိရကြောင်း ဦးရွှေဌေးအောင်ကဆက် လက်ရှင်းပြသည်။
လောကနန္ဒာဘေးမဲ့တောဉယျာဉ်နှင့်ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် အမြဲနေထိုင် ကျက်စားလေ့ရှိသည့် ငှက် ၇မျိုးလုံးသည် အစားအစာပေါများပြီး လုံခြုံမှုရှိသည့်အတွက် ငှက်ကောင်ရေတိုးပွားလာကြောင်းလည်းသိရသည်။
ဘီလုံးငှက်
လောကနန္ဒာဘေးမဲ့ တောဥယျာဉ်အတွင်းအမြဲနေထိုင်ကျက်စားလေ့ရှိပြီး အစားအစာပေါ များခြင်း၊လုံခြုံမှုရှိသည့်အတွက် အကောင်ရေတိုးပွားလာကြောင်းသိရသည်။ ဥယျာဉ်တစ် ခုလုံးအနှံ့အပြားတွေ့ရတတ်သော်လည်း ချုံပင်များပေါသော ကွင်းပြင်နေရာတွင် အများဆုံးကျက်စားကာ၊ အသိုက်လုပ်ဥဥခြင်းများကိုပြုလုပ်လေ့ရှိသည်။လူများ၊ လူနေ အိမ်များနှင့်အဝေးတွင် ကျက်စားနေထိုင်ကြကြောင်း၊ ဓာတ်ကြိုးတန်းများပေါ်နှင့်သစ်ပင် ထိပ်ဖျားတို့တွင် နားနေတတ်ကြောင်း၊ မိုးရွာခါနီးအချိန်တိုင်း ၄င်းတို့သဘာဝအလျှောက် လေဟုန်စီး၍ မြူးတူးပျော်ပါးကြကြောင်းသိရသည်။ဒေသခံများကမိုးခေါ်ငှက်ဟုလည်း ခေါ်ဆိုကြသည်။ရန်ကုန်တက္ကသိုလ်မှဆရာမတစ်ဦးသည် လောကနန္ဒာဘေးမဲ့တောဥ ယျာဉ်အတွင်းနှင့်ပုဂံမြို့ပတ်ဝန်းကျင်ကို ၂၀၁၆ခုနှစ်မှစ၍ လေးနှစ်ကြာကွင်းဆင်းဆောင် ရွက်ခဲ့ပြီး လေ့လာသုတေသနစာတမ်းပြုစုကာ ဒေါက်တာဘွဲ့ရယူခဲ့ကြောင်း၊လေ့လာတွေ့ ရှိချက်အရ ဥယျာဉ်ပြင်ပ၌လေ့လာခဲ့ရာတွင် စွေ့ငှက်ကောင်ရေ ၉၀၀မှ ၁၀၀ကြားရှိနိုင် ကြောင်းနှင့်ဥယျာဉ်အတွင်း အကောင်ရေ ၃၀မှ၅၀ကြားတွေ့ရှိရကြောင်းသိရသည်။
စွေ့ငှက်
လောကနန္ဒာဘေးမဲ့တောဥယျာဉ်အတွင်းနှင့်ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း အမြဲ နေထိုင်ကျက်စားလေ့ရှိပြီး အစာရေစာပေါများပြီးလုံခြုံမှုရှိခြင်းကြောင့် အကောင်ရေတိုး ပွားလာခဲ့ကာ လူများနှင့်ယဉ်ပါးလွယ်၍ လူနေအိမ်များအနီးသို့ပင်လာရောက်ကျက်စား နေထိုင်ကြကြောင်းသိရသည်။ ဦးရွှေဌေးအောင်နှင့်ဝန်ထမ်းများကွင်းဆင်းလေ့လာချက်အ ရ စွေ့ငှက်ကောင်ရေ ၅၀၀ခန့်ရှိမည်ဟုခန့်မှန်းထားကြောင်းသိရသည်။ရန်ကုန်တက္ကသိုလ် မှ ဆရာမတစ်ဦး လေးနှစ်ကြာသုတေသနပြု၍ ဒေါက်တာဘွဲ့ယူခဲ့ကြောင်းလည်းသိရကာ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်းသိရသည်။
ငှက်မင်းသားဝမ်းဖြူ
ငှက်မင်းသားဝမ်းဖြူငှက်သည် လောကနန္ဒဉယျာဉ်အတွင်းနှင့် ပုဂံရှေးဟောင်းဒေ သအတွင်းအမြဲနေထိုင်ကျက်စားလေ့ရှိကြောင်း၊ကွင်းပြင်များတွင်လည်းအများဆုံးတွေ့ရ သည့်ငှက်ဖြစ်ကာလူနှင့်လူနေအိမ်များအဝေးတွင်နေထိုင်ကျက်စားကြကြောင်းသိရသည်။ ၆ကောင်အုပ်၊ ၈ကောင်အုပ်၊ အုပ်လိုက်ကျက်စားနေထိုင်ကြကြောင်း ဦးရွှေဌေးအောင်က ရှင်းပြသည်။
ချိုးလင်းပြာ
ဉယျာဉ်အတွင်းအနှံ့အပြားတွေ့ရပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းလည်းတွေ့ရှိ နိုင်သည်။လူများနှင့်ယဉ်ပါးလွယ်၍ လူနေအိမ်များအနီးသို့ ပင်လာရောက်ကျက်စား နေထိုင် ကြကြောင်း၊ စုံတွဲနေထိုင်သည့်ကိုအများဆုံးတွေ့ရပြီး၊ ၄င်းနှင့်အတူအခြားချိုး အမျိုးအစား သုံးမျိုးဖြစ်သည့် ချိုးပိန်တူး၊ချိုးနီပု၊ ချိုးလည်ပြောက်တို့နှင့်လည်း ယှဉ်တွဲ နေထိုင်ကြ ကြောင်းသိရသည်။
ဧရာဝတီဗွတ်ချွဲ
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်တစ်ခုလုံးတွေ့ရသည်။လူများနှင့်ယဉ်ပါးလွယ်၍ လူနေအိမ်များအနီးငှက်သိုက်ဆောက်လုပ်နေထိုင်ကျက်စားကြသည်။လောကနန္ဒာဥယျာဉ်ထဲတွင်ပင် အကောင်းရေသုံးရာခန့်ရှိကြောင်းသိရသည်။၄င်းနှင့်အမျိုးစားဗွတ်(၂)မျိုးဖြစ် သည့် ဗွတ်ဖင်နီ၊ဗွတ်စာမွဲတို့နှင့်လည်းယှဉ်တွဲနေထိုင်ကြကြောင်းသိရသည်။တက္ကသိုလ် ဆရာ/ဆရာမများရှေ့ပြေးလာရောက်လေ့လာလျှက်ရှိကြကြောင်းလည်းသိရသည်။
နဖားကြူးငှက်
အဆိုပါနဖားကြူးငှက်သည် တစ်နေရာထဲတွင်နေထိုင်ကျက်စားသည့်ငှက်မဟုတ်ပဲဧည့် သည်ငှက်ပမာတွေ့ရှိတတ်ကြပြီး လောကနန္ဒာဉယျာဉ်နှင့်ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် တွင်တွေ့ရှိရသည်မှာ ငါးနှစ်ခန့်လောက်ပဲရှိသေးကြောင်း၊စတင်တွေ့ရှိခဲ့စည်ကနှစ်ကောင် တစ်စုံသစ်ပင်ထိပ်ဖျားတွင်စတင်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး နောက်ဆုံး ၂၀၁၈ခုနှစ်တွင် ၆ကောင်တစ်အုပ်လာရောက်ခဲ့သည်ကိုလည်းမှတ်တမ်းတင်နိုင်ခဲ့ကြောင်းသိရသည်။
ငှက်လက်မမြီးရှည်
လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် အမြဲနေနိုင်ကျက်စားခြင်းမရှိပဲ ပြင်ပ၊ ပုဂံ-ညောင် ဦးဝန်းကျင်ရှိ လယ်ယာစိုက်ခင်းများ၊ကိုင်းတောများ၊မြက်တောများတွင် ဥယျာဉ်အတွင်း ငှက်စာရင်းကောက်လုပ်ငန်း ဆောင်ရွက်စဉ် ၁၀ကောင်ထက်မပိုပဲကွဲပြားစွာနေထိုင်ကျက် စားသည်ကိုတွေ့ရှိရသည်။ဥယျာဉ်အတွင်း နေထိုင်ကျက်စားသည့်ငှက်အားလုံး(၂၀၁၇-မှ ၂၀၂၀)အထိငှက်များကိုလေ့လာ၍ ဒေါက်တာဘွဲ့ရရှိသည့် ဆရာမတစ်ဦး၏ လေ့လာသု တေသနပြုကာလများတွင် ၄-၅ကောင်ခန့်သာတွေ့ရှိမှတ်တမ်းတင်နိုင်ကြောင်း ဦးရွှေ ဌေးအောင်မှရှင်းပြ၍သိရသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ခရီးစဉ်ဒေသရှိပြီးဖြစ်ကာ ကမ္ဘာအရပ် ရပ်မှငှက်ဝါသနာရှင်များ လာရောက်လေ့လာသည့်အခါ ဒေသခံများအလုပ်အကိုင်အခွင့် အလမ်းများစွာရရှိပြီး၊ မြန်မာ့မျိုးရင်းရှားပါးငှက်မျိုးစိတ်တွေကိုလည်း ထိန်းသိမ်းရာ ရောက် မည်ဖြစ်ကြောင်း၊ လောကနန္ဒာဘေးမဲ့တောဉယျာဉ်နှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊(ပုဂံရုံးခွဲ)တို့ပူးပေါင်းကာ ငှက်ကြည့်ခရီးစဉ်များနှင့်ငှက်တိုး ဂိုက်များစွာလည်းလိုအပ်လာမည်ဖြစ်ပေသည်။ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်အား ခရီးစဉ်ဒေသအသစ်ရှဖွေထားခြင်းဖြင့် ကမ္ဘာ့ ရှားပါးကြယ်လိပ်များ၊ တိုက်လိပ်များနှင့် ရှားပါးငှက်မျိုးစိတ် ၇မျိုးတို့ရှိသည့်အပြင် မိုးနည်းရပ်ဝန်းတွင် ဧက ၁၀၀ကျော် ဘေးမဲ့တော၍ဉယျာဉ်အတွင်းရှိ ကြီးမားသည့် သစ်ပင်ကြီးများ၊ အုံ့အုံ့မှိုင်းမှိုင်းတည်ရှိ နေသည်ကိုလည်း လာရောက်လေ့လာ လည်ပတ်ကြမည့်သူများ လက်တွေ့ကြည့်ရှု တွေ့မြင်နိုင်မည်ဖြစ်ပေသည်။
ကိုထိန်၊KPD