နောင်ချို အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ထိ အတည်ပြုလူနာ (၃၄၁၅)ဦး ထိရှိလာပြီး (၃၁၇၅) ဦး ဆေးရုံဆင်းခွင့် ရရှိပြီးကြောင်း မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကိုဗစ်၁၉ရောဂါပိုး ရှိသူများ နှင့်ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများကို ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့ကြပြီး ကျန်ရှိဘုန်းတော် ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း၍ စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပြီးယမန်နေ့က လူပုဂ္ဂိုလ်(၅၈)ဦးကို စစ်ဆေးခဲ့ရာ(၁၅)ဦးတို့တွင် ရောဂါးပိုးတွေ့ရှိခဲ့ပြီး နောင်ချိုမြို့နယ် အနေ ဖြင့်အောက်တိုဘာလ (၅)ရက်နေ့ထိ အတည်ပြုလူနာ(၃၄၁၅)ဦး၊ သေဆုံးသူ(၄၁)ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ (၃၁၇၅)ဦး၊ကုသမှုခံယူနေဆဲ(၁၉၉)ဦး ရှိကြောင်း၊ ပိုးတွေ့လူနာများ၏နေအိမ်ပတ်ဝန်းကျင်များအား အသွား အလာ ကန့်သတ်ထားရှိ၍ လူမှုရေးအသင်းအဖွဲ့များမှ ပိုးသတ်ဆေးဖျန်းခြင်းများကိုဆောင်ရွက်ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကွင်းဆက်ပြတ်တောက်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများ အရောက်ကွင်းဆင်း စစ်ဆေးမှုများဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)