ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေး ပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ကြစေရန်အတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်း တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

လိမ္မာပဲ့ပြင်သင်စပေသည်၊ ဆရာမည်၏

"အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင်ရာအပ်ပို့ "ဟူသော ကျင့်ဝတ် ငါးဖြာနှင့်အညီ အတတ်ပညာများကို သင်ကြားပေးရုံသာမက တပည့်များအပေါ်ကျရောက်မည့် အန္တရာယ်များကို ကာကွယ်ပေးပြီး လမ်းမှန်ရောက်အောင် ဆုံးမပဲ့ပြင်ပေးသော ဆရာ၊ ဆရာများ သည် တပည့်များအတွက် မိဘများဟု ဆိုရလျှင်လည်း မမှားနိုင်ပေ။ ဘုရားနှင့် တစ်ဂိုဏ်းတည်း ထားရသော အနန္တငါးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည့် ဆရာ၊ ဆရာမများကို အသိမှတ်ပြု သည့် အနေဖြင့် ကမ္ဘာ့ဆရာများနေ့အဖြစ် အောက်တိုဘာလ ၅ရက်နေ့ကို သတ်မှတ်ခဲ့ကြရာ မြန်မာနိုင်ငံတွင် ၂၀၀၂ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မိုင်းကိုင်မြို့နယ်၊ ကျေးလက်နေပြည်သူများနှင့် စစ်ပွဲရှောင်ပြည်သူများကို ကျေးရွာအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးခွင့်ရှိသူများအားလုံး ထိုးနှံနိုင်ရေးအတွက် ကျေးလက်နေပြည်သူများနှင့် စစ်ပွဲရှောင်ပြည်သူများ ကို ကျေးရွာအရောက် ကွင်းဆင်း၍ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ပင်လောင်းမြို့နယ်တွင် အသက် ၁၈ နှစ်မှအသက် ၆၅ နှစ်ကြား ပြည်သူစုစုပေါင်း ၉၇၉၉ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinophram ထိုးနှံပေးပြီးဖြစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် စက်ရုံ၊ အလုပ်ရုံများမှ အသက်၁၈ နှစ်မှ ၆၅ နှစ် ကြားမိဘပြည်သူများနှင့် ဦးစားပေးအုပ်စုများအလိုက် ပါ၀င်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးခဲ့ရာ ယမန်နေ့ အထိပြည်သူစုစုပေါင်း ၉၇၉၉ ဦးထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အငြိမ်းစားဆရာကြီးများ၏ ရင်တွင်းစကားသံများ

ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မှ မြို့နယ်ပညာရေးမှူး (ငြိမ်း)ဆရာကြီး ဦးဝင်းမောင်နှင့် ကံ့ကော်မြိုင် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကံညွန့် P.A.T, J.A.T, S.A.T (ငြိမ်း)တို့က ယခု လိုပဲ ပြောကြားခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ (၂၀၅)ဦးတို့အား ဒုတိယအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား ဒုတိယအကြိမ် (ဒုတိယအသုတ်)အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက တိုက်ပွဲရှောင် စခန်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာများအရောက် ယနေ့တွင် လှည့်လည်နှိုးဆော် ခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ် - ၁၉ ရောဂါ ကွယ်ဆေးများ ထိုးနှံကြရန် လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ရာဂါ ကွယ်ဆေးများ ထိုးနှံကြရန် နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာနှင့်ပိုးကရင်ဘာသာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ သည်။

လှိုင်းဘွဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကမ္လာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာဖတ် ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to