ဝက်လက်မြို့၌ အခြေခံလူတန်းစားအိမ်ထောင်စု ၁၂၀၀ ထံသို့ အခြေခံ စားသောက်ကုန်များ လက်ဝယ် အရောက်ဖြန့်ဝေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ အခြေခံစားသောက်ကုန် ၄ မျိုးကို ဝက်လက်မြို့နယ် အမှတ် ၂ ရပ်ကွက်နေ ဦးစောမောင်၊ ဒေါ်လှဝိုင်း မိသားစု တို့မှ မိမိတို့နေအိမ်ရှေ့တွင် ယနေ့မွန်းတည့် ၁၂ နာရီ မှ စတင်၍ အိမ်ထောင်စု ၁၂၀၀ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။