ရေးမြို့နယ် ရန်မျိုး​အောင်ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်း ပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ရန်မျိုးအောင်ရပ်ကွက် မရမ်းကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေးခြင်းကို အောက်တိုဘာ(၁)ရက်နေ့တွင် သက်မှတ်သည့်နေရာများ၌ ထိုးနှံပေးခဲ့သည်။

ရေးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်(Talk Show) ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ အပြည်ပြည်ဆိုင်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် (Talk Show)ကို ယမန်နေ့ မွန်းလွဲ ၁နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ ဓနုဖြူမြို့နယ်သို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာအနီးရှိ ကဥ္စနကျွန်းသာ ကုမ္ပဏီလီမိတက်သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့ သည် ယနေ့ နံနက်(၉)နာရီ မိနစ်(၄၀)အချိန်ခန့်ရောက်ရှိ၍ စပါးအခြောက်ခံစက်အား ကြည့်ရှု လေ့လာ ခြင်း၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ စပါးထုတ်လုပ်မှုများနှင့်ပတ်သက်၍ မေးမြန်းရာ တောင်သူ များမှ ဖြေရှင်းတင်ပြခြင်း၊ (၅)ဧကခွဲခန့်ရှိ စပါးစံပြစိုက်ကွက်အား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး တမြာကျေးရွာအုပ်စု၊ တမြာကျေးရွာရှိ ဧရာဝတီမြစ်ရေတင်စီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ မြစ်ရေတင်စီမံကိန်းဆောင်ရွက်နေမှုများအား အသေးစိတ်ရှင်းလင်းတင်ပြ၍ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ညွှန်ကြားဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ (၀.၉)ပေဆက်လက် ရေကျော်ကျလျက်ရှိ

မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုတိုးလာသဖြင့် ယနေ့မွန်းတည့် (၁၂)နာရီ တိုင်းထွာချက် အရ ရေပိုလွဲမှ (၀.၉) ပေ ဆက်လက်ရေကျော်လျက်ရှိကြောင်း အဆိုပါနတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံမှသိရသည်။

နတ်မောက်မြို့နယ် တံခွန်တိုင်ချောင်းတွင် မော်တော်ယာဉ်တစ်စီး ချောင်းအတွင်းသို့ထိုးကျ၍ မြို့နယ်မီးသတ်တပ်ဖွဲ့မှကူညီ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုးရွာသွန်းမှု ကြောင့် တံခွန်တိုင်ကျေးရွာ တံခွန်တိုင်ချောင်းတွင် ရေစီးသန်၍ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့မှ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာသို့မောင်းနှင်လာသောယာဉ်အမှတ်9J/6532ISUZU(ခဲရောင်)မော်တော်ယာဉ်သည်တံခွန်တိုင်ချောင်းရေကျော်အား ဖြတ်ကူးရာ ချောင်းရေကြီးမှု ကြောင့်ချောင်း၏ ယာဘက် (၁၀)ပေ ခန့်အကွာ ယာဉ်တိမ်းမှောက်မှုမရှိဘဲ ချောင်းအတွင်းသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားရှိ အခြေခံပညာကျောင်းသား၊ သူများကို Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ စတင်ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်တွင်အသက်၁၂နှစ်မှ၁၈နှစ်ကြားရှိအခြေခံပညာကျောင်းများမှကျောင်းသား၊သူများကိုSinovacကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများစတင်ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန (ငွေသဲဖြူ)ခန်းမ၌ ကျင်းပသည်။

ဘားအံမြို့၌ အခြေခံဘောလုံးသင်တန်းဖွင့်လှစ်ခြင်းနှင့် အသက်(၁၂)နှစ်နှင့် အထက်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ မည့် အစီအမံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလုံး ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံဘောလုံးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့ မိုးလုံ လေလုံပြည်နယ်အားကစားရုံ၌ ကျင်းပသည်။

ဆိပ်ကြီး ခနောင်တိုမြို့နယ်နေပြည်သူများအား “ပန်းခင်း” စီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်း ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ မြို့နယ်နေပြည်သူများ အား “ပန်းခင်း” စီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီကခနောင်တို အရှေ့ ရပ်ကွက်ရုံးတွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ရုံးမှ ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိသည်။
Subscribe to