ရေဦး၊ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ချမ်းသာစိုက်ပျိုးနည်းပညာပြန့်ပွားရေး စင်တာတာ၀န်ခံ ဦးအောင်ကျော်ဦးနှင့် ၀န်ထမ်းများသည် ယနေ့ နံနက် ၈ နာရီက မှို့ကပ်ချိန်မျိုးစေ့ ထုတ်မိုးစပါး စိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
" ချမ်းသာစိုက်ပျိုးနည်း ပညာပြန့်ပွားရေးစင်တာ" KC "နယ်မြေတွင် မိုးစပါးစိုက်ပျိုးဧက ၁၇၆၀၀ ဧကရှိပြီး အများဆုံးစိုက်ပျိုးထားသည့် စပါးမှာ ရွှေဘိုပေါ်ဆန်းနှင့် ဧရာမင်းစပါးမျိုးများစိုက်ပျိုးထားပါတယ်၊ ယခုအချိန်က ပင်ပွားစည်းမှု အားကောင်းနေသည့်အချိန်ဖြစ်ပါတယ်၊ ပင်ပွားစည်းမှုအနေဖြင့် ပင်ပွား ၃၀ မှ ၃၅ ပင်အထိရှိတယ်၊ နောက်နှစ်ပတ်လောက်ဆိုလျှင် မှို့ကပ်ချိန် ရောက်တော့မှာမို့ ခုလိုပိုးမွှားအန္တရာယ်ကင်းဝေးစေရန် ကင်းထောက် မှတ်တမ်းရယူခြင်းဖြစ်ပါတယ်၊ ကင်းထောက်မှတ်တမ်းအရ ဖျက်ပိုးကျရောက်မှု နည်းပါတယ်၊ မိုးကောင်းတာ လည်း ပါတယ်၊ စပါးခင်းရေကြီးနစ်မြုပ်မှုလည်းမရှိဘူး၊ လယ်လုပ်သူတောင်သူ များမှလည်း စိုက်ပျိုးရေးနည်း ပညာ ပြည့်၀နေပြီး အထွက်နှုန်းကောင်းမွန်ရေး အလေးထားလုပ်ကိုင်ပေးသည့် အတွက်ခုချိန်ထိ စိုက်ပျိုးနည်း ပညာပေးစခန်းအတွင်းမှာရှိတဲ့မိုးစပါးစိုက်ခင်းအများစု ဖျက်ပိုးပိုးကျရောက်ခြင်း မတွေ့ရသေးပါ "ဟု KC တာ၀န်ခံ ကပြောသည်။
ရေဦးမြို့နယ်လုံးအနေဖြင့်၂၀၂၁ ခုနှစ် မိုးစပါးစိုက်ဧက ၈၇၀၀၀ ကျော်စိုက်ပျိုးထားကြောင်းသိရသည်။