ဝက်လက်မြို့၌ အခြေခံလူတန်းစားအိမ်ထောင်စု ၁၂၀၀ ထံသို့ အခြေခံ စားသောက်ကုန်များ လက်ဝယ် အရောက်ဖြန့်ဝေ

ဝက်လက်  အောက်တိုဘာ  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ အခြေခံ စားသောက်ကုန်  ၄ မျိုးကို ဝက်လက်မြို့နယ် အမှတ်  ၂  ရပ်ကွက်နေ  ဦးစောမောင်၊ ဒေါ်လှဝိုင်း  မိသားစု တို့မှ မိမိတို့နေအိမ်ရှေ့တွင် ယနေ့မွန်းတည့် ၁၂ နာရီ မှ စတင်၍  အိမ်ထောင်စု  ၁၂၀၀ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ကာလ အတွင်း လိုအပ်သူများကို ကူညီပေးနိုင်ရန်အတွက် မြို့ပေါ် ရပ်ကွက်များတွင် စားဝတ်နေရေး ခက်ခဲသော အခြေခံလူတန်းစား အိမ်ထောင်စု စာရင်းများကို ကြိုတင် စာရင်း ကောက်ယူပြုစုခဲ့ရာ အမှတ် ၁ ရပ်ကွက်မှ အိမ်ထောင်စု ၄၀၀ ၊ အမှတ် ၂ ရပ်ကွက်မှ အိမ်ထောင်စု ၄၀၀၊ အမှတ် ၃ ရပ်ကွက်မှ အိမ်ထောင်စု ၄၀၀ စုစုပေါင်း  အိမ်ထောင်စု  ၁၂၀၀ ကို ရရှိခဲ့ပြီး ၊အဆိုပါ အိမ်ထောင်စု များထံသို့ လက်ဝယ်အရောက် လှူဒါန်း ပေးအပ် သည်။

ထောက်ပံ့ ပေးအပ်သော အခြေခံစားသောက်ကုန်များမှာ၊ အိမ်ထောင်စုတစ်စုလျှင် ဆန်   ၂    ပြည်၊  ဆီ ၅၀ ကျပ်သား၊ ဆား  ၁ ပိဿာ၊ ကြက်သွန် ၁ပိဿာကို လက်ဝယ်အရောက်ပေးအပ်ရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် လူစု၊ လူဝေး မဖြစ်စေရန်တစ်ဦး နှင့် တစ်ဦး၆ ပေ အကွာ တန်းစီ၍ နှာခေါင်းစည်း Mask တပ်ဆင်စေပြီးမှ  ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင် ( ဝက်လက်)