ကျောက်ဖြူမြို့ရှိ လူငယ်၊ လူရွယ်များ စာပေလေ့လာဖတ်ရှုမှု တိုးပွားလာစေရန် ပင်လယ်ကမ်းခြေ၌ ရွေ့လျားစာကြည့်တိုက် Mobile Library ဖွင့်လှစ်ဆောင်ရွက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ လူငယ်၊ လူရွယ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမို တိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်နှင့် အချိန် ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါမြို့ရှိပင်လယ်ကမ်းခြေ၌ ရွေ့လျား စာကြည့် တိုက် Mobile Library ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။