မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Brewery စက်ရုံနှင့် Mammee စက်ရုံရှိဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မင်္ဂလာဒုံ အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့ နယ်စက်မှုဇုန်ရှိ Myanmar Brewery စက်ရုံနှင့် Mammee စက်ရုံရှိ ဝန်ထမ်းများအား ယမန်နေ့ မွန်းလွဲ (၁)နာရီမှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒုတိယ အကြိမ်ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက စက်ရုံဝန်ထမ်းများအား ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်းစေခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် နာရီဝက်ခန့်စောင့်ကြည့်ခြင်းတို့ကို ကိုဗစ်-၁၉ ရောဂါကြို တင် ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် Myanmar Brewery စက်ရုံမှဝန်ထမ်းစုစုပေါင်း (၈၉)ဦး နှင့် Mamme စက်ရုံမှဝန်ထမ်း စုစုပေါင်း (၁၇)ဦး တို့အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးနှံပြီးသော စက်ရုံဝန်ထမ်းစုစုပေါင်း (၄၄၄၅၉) ဦး (1 st does)နှင့် (၃၀၈၄၅)ဦး(2 nd does)ရှိပြီဖြစ်ကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

သန္တာ