တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တောင်သူများအား ဆီထွက်သီးနှံ နေကြာမျိုးစေ့များနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ဥက္ကံကျေးရွာအုပ်စု ကုန်းမြင့်ကျေးရွာ တောင်သူ ဦးမြင့်သိန်း၏ လယ်ကွက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ထောက်ပံ့ပေး အပ်သော ဆီထွက် သီးနှံနေကြာ ဆင်းရွှေကြာ(၂) မျိုးစေ့အိပ်များနှင့် ဓာတ်မြေဩဇာများ တောင်သူ များထံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ် သည်။

စန္ဒကူးပျိုးပင်ပျိုးထောင်ရောင်းချသူများပျိုးပင်ပြတ်သည်အဓိရောင်းချနေရပြီးမိသားစု ဝင်ငွေတွက် ခြေကိုက်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်ရှိ စန္ဒကူး ပင်ပျိုးထောင် ရောင်းချသူများ ပျိုးပင်ပြတ်သည်အထိ ရောင်းချ ရခြင်းကြောင့် လာမည့်နှစ် ပြန်လည်ပျိုးထောင်ချိန် စန္ဒကူးပင်(မျိုး)ပျိုထောင်သူများပြားလာနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက် ကျေးရွာ စန္ဒကူးမျိုးစေ့ပျိုးထောင်ရောင်းချသူဦးခင်မောင်သိန်း ထံကသိရသည်။

ဒေးဒရဲမြို့၌ နှာခေါင်းစည်း (Mask)တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ယခုဝယ်ယခုတပ်စနစ် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်းမဖြစ်မနေအပြင်ထွက်သွားလာရသူများအားနှာခေါင်းစည်း(Mask)တပ်ဆင်သွားလာရန်အသိပညာပေးခြင်းနှင့်ယခုဝယ်ယခုတပ်စနစ်ကိုယနေ့နံနက်၈နာရီခွဲကလူစည်ကားရာလမ်းဆုံနေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူများအား Stay At Home ကာလအတွင်း စားဝတ်နေရေး အဆင်ပြေ စေရန်အတွက် ဆီတစ်ပိဿာလျှင် (၃၇၅၀)ကျပ်ဖြင့် လှည့်လည်ရောင်းချပေး

ပဲခူတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ညောင်လေးပင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ပြုလုပ်သော Stay At Home ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စားသုံးဆီ လှည့်လည်ရောင်းချခြင်းကို ယမန်နေ့ ည နေ(၄)နာရီအချိန်က ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်ရှိ အထက(၁) ကျောင်းရှေ့၌ စတင်ရောင်းချပေးခဲ့သည်။

ဒေါ့ဖုန်းယန်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီထံသို့ ကျန်းမာရေးသုံး ပစ္စည်းများပေးအပ် လှူဒါန်း

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ဒေါ့ဖုန်းယန်မြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက်ကျန်းမာရေးသုံးပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၉)နာရီခန့်တွင် အမှတ်(၁) ရပ်ကွက်ခန်း မဆောင်၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်အတွင်းရှိ ဝါဆို၊ဝါကပ်တော်မူကြသောသံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများဆပ်ကပ်လှူဒါန်း

မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာလအတွင်းကျောင်းတိုက် အသီးသီးတွင် ဝါဆို၊ ဝါကပ်တော်မူကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရွှေဆံတော်ဘုရား ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ၈၆ ဦးတို့အား ရောဂါစစ်ဆေးခဲ့ရာရောဂါပိုးတွေ့ ရှိသူ ၄ ဦးရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်း ပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးမှုကို ယနေ့တွင် ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူ ၄ ဦးရှိကြောင်း ကျန်းမာရေးဌာနမှသိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ရေး အိမ်တိုင်ရာရောက်စာရင်းကောက်ယူ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ရပ်ကွက်စာရေးများ၊ တာဝန်ရှိသူ များမှ ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် စာရင်းများ ကွင်းဆင်းကောက်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲအတွက် လူနာတင်ယာဉ် (၁)စီး ပေးအပ်လှူဒါန်း

ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲအနေနှင့် ဆောင်ရွက်နေ့သည့် လူမှုကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ချောင်းဆုံမြို့နယ် ကလော့ကျေးရွာနေ ဆရာကြီး ဦးပါငယ်နှင့် ဒေါ်နှင်းညွန့် မိသားစုတို့က လူနာတင်ယာဉ် (၁)စီးအား လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်၉နာရီခွဲက မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား သင့်တင့်မျှတသော စျေးနှုန်းများဖြင့် လိုက်လံရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အမှတ် (၃၀) ရပ်ကွက်ရှိ ဆောင်းဟေမာန် အိမ်ရာနှင့် (၄၀)ရပ်ကွက်ရှိ မဟာမြိုင်အိမ်ရာတို့၌ ပြည်သူများ သန့်ရှင်း လတ်ဆတ်ပြီး စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံး နိုင်ရေး ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ် ရုံစီမံခန့်ခွဲမှု ဌာန အစီအစဉ်ဖြင့် အခြေခံ စားသောက်ကုန်ပစ္စည်းများအား သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ယနေ့ နံနက် (၇)နာရီအချိန် က လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to