ရေးမြို့နယ်အတွင်းရှိ ဝါဆို၊ဝါကပ်တော်မူကြသောသံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများဆပ်ကပ်လှူဒါန်း

ရေး    အောက်တိုဘာ

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာလအတွင်းကျောင်းတိုက် အသီးသီးတွင် ဝါဆို၊ ဝါကပ်တော်မူကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊   ဆီ၊   ဆားနှင့်  ပဲများဆက်ကပ်  လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ နာရီက ရွှေဆံတော်ဘုရား ဓမ္မာရုံ၌  ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားကို   နမောတဿ သုံးကြိမ်ရွတ်ဆို၍   အခမ်းအနားဖွင့်လှစ်ကာ    မြို့နယ်သံဃ နာယက ဥက္ကဋ္ဌ မရမ်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီခံယူပြီး    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက  သာသနာတော် တည်တံ့ပြန့်ပွားအောင် ကြိုးပမ်းအား ထုတ်လျှက်ရှိသော ဆရာတော် သံဃာတော်နှင့်   သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်း၊ ကွမ်း ဝေယျာဝစ္စများ ဖြည့်ဆည်းပေးနိုင်ရန်  လှူဒါန်းရခြင်းဖြစ်ကြောင်းကို  လျှောက်ထားသည်။

 

ထို့နောက် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆပ်ကပ်လှူဒါန်းခဲ့ရာ  မြို့နယ်အတွင်းရှိ  ဘုန်ကြီးကျောင်း (၃၄၁)ကျောင်းမှ   ဆရာတော်၊ သံဃာတော် (၃၉၀၀)   ကျော်နှင့် သီလရှင် (၄၀၀)ကျော် တို့အား ဆွမ်းဆန်တော် (၄၀၀) အိတ် ဆီ (၆၀၀) ပိသာ ကြက်သွန် (၁၂၀၀) ပိသာ၊ ဆား(၁၀၀၀)ပိသာနှင့် လှူဖွယ်ဝတ္တုငွေများ စုစုပေါင်း လှူဒါန်းငွေတန်ဖိုး (၅၃၄,၂၆,၅၈၀)ကျပ် ကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

 

ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)