ဒဂုံမြောက် အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများ၊ တာဝန်ရှိသူ များမှ ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် စာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာ နိုင်ငံသားကတ်များ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ အိမ်တိုင်ရာရောက် စာရင်းများပြုစုဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးမှထံမှ သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)