ပေါင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ပေါင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ပေါင် စက်တင်ဘာ ၃ (ပေါင်ပြန်/ဆက်)

ကလေးဝမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကိုင်းကျေးရွာအုပ်စု ဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ဆေးထိုးစုရပ် ၅ နေရာ၌ လူဦးရေ ၃၅၇၂ ဦးအား ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးနိုင်ခဲ့

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး လျက်ရှိရာ ယမန်နေ့က ဆေးထိုးစုရပ် ၅ နေရာ၌ လူဦးရေစုစုပေါင်း ၃၅၇၂ ဦး ထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့ရှိပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာများတွင် တာဝန်ထမ်းဆောင်ကြမည့် Volunteer များအတွက်အဋ္ဌမအကြိမ် သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ထားဝယ်မြို့ရှိပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာ များတွင် တာဝန်ထမ်းဆောင်ကြမည့်ပရဟိတအဖွဲ့အစည်းများနှင့်Quarantine Center များတွင်တာဝန် ထမ်းဆောင်နေသော လူငယ် Volunteerများအတွက် အဋ္ဌမအကြိမ် သင်တန်းကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် ကိုဗစ်လူနာ (၁၀၆)ဦး ဆေးရုံမှဆင်း၊ လူနာသစ် (၁၃)ဦး ထပ်တိုး၍ ကုသဆဲ (၂၁၄)ဦးအထိ လျော့ကျလာ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ကုသရေး Centre နှင့် Positive Centre များအတွင်း ဆေးဝါးကုသမှုခံယူနေကြစဉ် ပြန်လည်သက်သာကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်ပြီဖြစ်သော ကိုဗစ်-၁၉ရောဂါ လူနာပေါင်း (၁၀၆)ဦးတို့အား ယမန်နေ့က  သက်ဆိုင်ရာတာဝန်ခံ ဆရာဝန်များက ဆေးရုံမှ ဆင်းခွင့်လက်မှတ်ထုတ်ပေး၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီး ၎င်းတို့၏ နေအိမ်တွင် အသွားအလာကန့်သတ်ကာ Home Quarntine အဖြစ် (၇)ရက် သီးခြားဆက်လက် နေထိုင်ကြရန်သတိပေးလမ်းညွှန်မှာကြားခဲ့ကြောင်း၊ လူနာသစ် (၁၃)ဦးထပ်တိုး၍ သေဆုံးသူ (မရှိ)သဖြင့် ကုသဆဲလူနာဦးရေမှာ ယမန်နေ့က (၃၀၇)ဦးရှိသည့်ရာမှ (၂၁၄)ဦးအထိလျော့ကျ လာပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Subscribe to