ဒေးဒရဲမြို့၌ နှာခေါင်းစည်း (Mask)တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ယခုဝယ်ယခုတပ်စနစ် ဆောင်ရွက်

ဒေးဒရဲ    အောက်တိုဘာ    

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလအတွင်း မဖြစ်မနေအပြင်ထွက်    သွားလာရသူများအား  နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန် အသိပညာပေးခြင်း နှင့်ယခုဝယ်ယခုတပ် စနစ်ကို ယနေ့နံနက် ၈နာရီခွဲက လူစည်ကားရာ လမ်းဆုံနေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာကြစေရေး အသိပညာပေးလုပ်ငန်းများအား အများပြည်သူအကျိုး ကိုရှေးရှု၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် နေအိမ်ပြင်ပသို့ သွားလာသူများအားလုံး နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်သွားလာရန်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမပြုပဲ သွားလာသူများ အားစိစစ်တွေ့ရှိပါက Mask()ခုလျှင်ငွေကျပ်(၅၀၀)ဒဏ်ကြေးပေး ဆောင်စေပြီး၊ နှာခေါင်းစည်း (Mask) အား စနစ်တကျ တပ်ဆင်စေသည့်နည်းလမ်းများ၊ စနစ်တကျတပ် ဆင်ခြင်းမရှိပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန်အသိပညာပေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် ပြစ်ဒဏ်ငွေပေး ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အေဇာလင်း၊ ပြန်ဆက်