စန္ဒကူးပျိုးပင်ပျိုးထောင်ရောင်းချသူများပျိုးပင်ပြတ်သည်အဓိရောင်းချနေရပြီးမိသားစု ဝင်ငွေတွက် ခြေကိုက်နေ

ညောင်ဦး  အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်ရှိ စန္ဒကူး ပင်ပျိုးထောင် ရောင်းချသူများ ပျိုးပင်ပြတ်သည်အထိ ရောင်းချ ရခြင်းကြောင့် လာမည့်နှစ် ပြန်လည်ပျိုးထောင်ချိန် စန္ဒကူးပင်(မျိုး)ပျိုထောင်သူများပြားလာနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက် ကျေးရွာ စန္ဒကူးမျိုးစေ့ပျိုးထောင်ရောင်းချသူဦးခင်မောင်သိန်း ထံကသိရသည်။

စန္ဒကူးပင်စိုက်ပျိုးမှုများပြားလာခြင်းနှင့်အတူ ညောင်ဦးမြို့နယ် လက်ပံခြေပေါ် အုပ်စု၊ကျေးရွာများ၊ သစ်ထောင့်ကျေးရွာများ၊ ကျောက်ပန်းတောင်းမြို့နယ် ၊ဆည်ပေါက် အုပ်စု၊ ဆည်ပေါက်ရွာ၊ ညောင်ကန်ရွာနှင့်အင်ချောင်းကျေးရွာများသည် ပျိုးပင်မျိုးစုံစိုက် ပျိုး၊ ပျိုးထောင်ရောင်းချ ကျေးရွာများဖြစ်ကာ ၊မာလကာ၊သရက်မျိုးစုံ၊ ပိန္နဲ၊အုန်းပင်၊ နှင်းဆီ မျိုးစုံ၊ နံ့သာနီ၊ မယ်ဇလီ၊ မယ်ဇယ်၊ ဆူးပုတ်၊ဩဇာ၊ ခေါင်နှိမ်ပန်း၊ပေါက်ပန်းဖြူ/နီ၊ လေခြူပင်၊ စသည့်ပျိုးပင်မျိုးစုံ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့်ကျေးရွာများဖြစ် ကြပြီး ၊တနှစ်တနှစ်အတွင်း သရက်ပင်မျိုးစုံနှင့် စန္ဒကူးပျိုးပင်ရောင်းချရမှုများပြားကြောင်း ယခုနှစ် မိုးရွာသွန်းမှုကောင်းခြင်းနှင့် အတူ စန္ဒကူးပျိုးပင်များဝယ်ယူရောင်းချရမှုအလွန် များပြားခြင်းကြောင့် ပျိုးပင်စိုက်ပျိုး ရောင်းချသူများပျိုးပင် ပြန်သည်အထိရောင်းချရပြီး ဈေးကောင်းလည်းရရှိကြကြောင်းသိရသည်။

စန္ဒကူးပျိုးထောင်ခြင်းအား စန္ဒကူးပင်အသီးသီးချိန် အစေ့ကောက်ယူ၍ သဲပုံပေါ်အ စေ့များပက်ထားပြီး၊ပျိုးထောင်ရကြောင်း၊ အချို့ပျိုးပင်ထောင်သူများက စန္ဒကူးပင်အောက် အလေ့ကျပေါက်သည့် အပင်ပေါက်များကို မိုးသည်းထန်စွာရွာသွန်းချိန် နှုတ်ယူပြီးပျိုး အိတ်ပြောင်းထည့် ပျိုးထောင်ကြကြောင်း၊ စန္ဒကူးပင်ပျိုးထောင်ပြီး နှစ်နှစ်သားမှ ငါးနှစ် သားအထိအိတ်သုံးမျိုးလောက်ပြောင်းပြီး အပင်ကြီးထွားမှစိုက်ပျိုးလျှင်စိတ်ချရကြောင်း စန္ဒကူး ဈေးနှုန်းလည်း အပင်သန်မာကြီးထွားမှု၊ ပျိုးပင်ဖြောင့်မှုဖြင့်ဈေးနှုန်းကွာခြား ကြောင်းသိရသည်။ တစ်နှစ်သားအပင်တစ်ပင်ငါးရာကျပ်၊ နှစ်နှစ်သားနှင့်သုံးနှစ်သားအပင်များ လေးထောင်ငါးရာကျပ်မှ ခြောက်ထောင်ကျပ်ထိရောင်းချရကြောင်းလည်းသိရသည်။ စန္ဒကူးပျိုးထောင်ရာတွင် အလွန်ဂရုစိုက်ရပြီး ပျိုးအိတ်ထဲတွင် ကပ်ပါးပင်တစ်မျိုးမျိုးနှင့် အတူပျိုးထောင်မှသာ အပင်ရှင်သန်ကြီးထွားမြန်ပြီး၊ စန္ဒကူးပင်အမြစ်အားပိုးကိုက်ပါက အသေမြန်ခြင်းနှင့်ရေဓာတ် ကာကွယ်ရန် ကပ်ပါးပင်ဖြင့် စိုက်ပျိုးရကြောင်းလည်းသိရသည်။ ယခုနှစ်ပိုင်းအတွင်း နှစ်ရှည်ပင် ဖြစ်သည့် စန္ဒကူးခြံစိုက်ပျိုးမှုများပြားလာခဲ့ပြီး ပျိုးပင် ပျိုးထောင် ရောင်းချသူများ ပျိုးပင် ပြတ်သည်ထိရောင်းချရခြင်းများကြောင့် မိသားစုဝင် ငွေတွက်ခြေကိုက် နေကြပြီး ပျိုးပင်ပျိုးထောင်ရောင်းချမှု ပိုမိုများပြားလာ နိုင်ကြောင်း ညောင်ဦးမြို့နယ် ၊စန္ဒကူးပျိုးပင်ပျိုးထောင် ရောင်းချသူ ဦးဝင်းတင့်ကရှင်းပြ၍သိရသည်။

ကိုထိန်၊KPD