ဒေါ့ဖုန်းယန် အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၉)နာရီခန့်တွင် အမှတ်(၁) ရပ်ကွက်ခန်း မဆောင်၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် မိုးမောက်မြို့ Ever Green ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ရွှေနှင့် အဖွဲ့ဝင်များက ဒေါ့ဖုန်းယန်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် PPE ဝတ်စုံ (၁၅)စုံ၊ Mask (၅၀)ဗူး၊ လက်အိတ်(၃)ဗူးနှင့် လက်သန့်ဆေးရည် (၂၀) ဗူးတို့ အားပေးအပ်လှူဒါန်းရာ မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရှိရသည်။
အဆိုပါ လှူဒါန်းပွဲသို့ မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မိုးမောက်မြို့ Ever Green ပရဟိတအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့မှ ပုဂ္ဂိုလ်များနှင့် ရပ်မိရပ်ဖများတက် ရောက်ခဲ့ကြောင်း မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်