ရေကြည်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ရေကြည်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ အတွင်းရှိပြည်သူ များအိမ်ထောင်စုလူဦးရေစာရင်းစိစစ်ပေးခြင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရေကြည်မြို့နယ်ဦးစီးမှူးဦးဇော်ဇော်ဝင်းနှင့်ဝန်ထမ်းများကယမန်နေ့နံနက်(၁၀)နာရီအချိန်ကဝါးရုံလဟာကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင်ပန်းခံစီမံချက်အရ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စားသုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် မင်းလှ မြို့နယ်ရှိ ပြည်သူများအား ရောင်းချပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန်အတွက် မိုဘိုင်းကားဖြင့် အောက်တိုဘာ ၆ ရက် နေ့လည်ပိုင်းက အမှတ်(၂) ကံဦးကွက်သစ်ရပ်ကွက်အတွင်း လှည့်လည်၍ အခြေခံစားကုန် စားသုံးဆီ တစ်ပိသာလျှင် (၃၇၅၀)ကျပ်နူန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ(၄)ဦးထပ်မံတွေ့ရှိရပြီး မြို့နယ်အတွင်း ရောဂါပိုးတွေ့အတည်ပြုလူနာ(၁၄၈၄)ဦးအထိရှိလာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အောက်တိုဘာလ ၆ ရက်နေ့က ကိုဗစ်−၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ(၃)ဦးထပ်မံတွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှုလျောကျစေရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကိုစဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက    မြို့နယ်အတွင်းရှိကျေးရွာများအရောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ခု၊ (၆)လ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၁-၂၀၂၂ ခု ၊ (၆)လ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရ အဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ဒေးဒရဲမြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်တွင်ပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးခြင်းကို ယနေ့ နံနက် ၇နာရီကလူစည်ကားရာနေရာများနှင့်မြို့မဈေးနေရာများတွင်တာဝန်ရှိသူများကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မိုင်း‌ငေါ့မြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုအသက်(၁၈)နှစ်နှင့်အထက်ပြည်သူ (၁၇၅) ဦးတို့  အားကာကွယ်ဆေး (Sinopharm) အမျိုးအစား ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာနမှပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစားကို ဆက်လက်ထိုးနှံပေးခဲ့သည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၃၄၄၈)ဦး ထိရှိလာပြီး သေဆုံး သူ ၂  ဦး ထပ်မံသေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိကွင်းဆင်းခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ထိ အတည်ပြုလူနာ (၃၄၄၈)ဦး ထိရှိလာပြီး ယမန်နေ့က (၂) ဦးထပ်မံသေဆုံးခဲ့ ကြောင်း မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကျောက်မဲမြို့တွင်အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့ကျက်သရေဆောင် ခန်းမနှင့် ကွန်ဖြူးရှပ်ကျောင်းတို့၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်၌ လူမှုရေးအသင်းအဖွဲ့များအား ထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

တွံတေးမြို့နယ်၌ လူမှုရေးအသင်းအဖွဲ့များအား ထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် တွံတေး အောက်တိုဘာ ၇ မြို့နယ်(ပြန်/ဆက်)
Subscribe to