ချောင်းဆုံ အောက်တိုဘာ ၇
ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲအနေနှင့် ဆောင်ရွက်နေ့သည့် လူမှုကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ချောင်းဆုံမြို့နယ် ကလော့ကျေးရွာနေ ဆရာကြီး ဦးပါငယ်နှင့် ဒေါ်နှင်းညွန့် မိသားစုတို့က လူနာတင်ယာဉ် (၁)စီးအား လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်၉နာရီခွဲက မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကား ပြောကြားရာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ကုသရေးစင်တာများတွင်စေတနာ့ဝန်ထမ်း များ၊ ကြက်ခြေနီ မောင်မယ်များ၏ ကူညီဆောင်ရွက်ပေးမှုများကြောင့် များစွာအထောက်အကူရရှိ ကြောင်းပြောကြားပြီးနောက် မွန်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကျော်မြင့်က ကျေးဇူးတင်စကား ပြောသည်။
မြို့နယ်ကြက်ခြေနေအသင်းခွဲအနေနှင့်လူနာတင်ယာဉ်(၁)စီးနှင့်လူမူကယ်ဆယ်ရေး လုပ်ငန်း များကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နေသည်ကို တွေ့မြင်ရပြီး ကြက်ခြေနီအသင်းမှ နောက်ထပ် လူနာတင်ယာဉ် (၁) စီး နှင့်အခြား ထောက်ပံ့မှုတွေ လိုအပ်နေသည်ကို ကြားသိရသည့်အတွက် ပါဝင် လှူဒါန်းပေးခြင်းဖြစ်ကြောင်း အလှူရှင် မိသားစုဝင်တစ်ဦးက ပြောသည်။ ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲအနေနဲ့ အခြေခံမှု(၇)ချက်နဲ့အညီ လူမှုကယ်ဆယ်ရေး လုပ်ငန်းများကိုလူမျိုး ဘာသာမရွေး ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
မွန်ကြီး(ပြန်/ဆက်)