ကျိုင်းလပ်မြို့ ဝမ်လန်းကျေးရွာအတွင်း မိုးစပါးစံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျှိုးအုပ်စု၊ ဝမ်လန်း ကျေးရွာအတွင်း စိုက်ပျိုးထားသော မိုးစပါးဆင်းဧကရီ (Raised Bed) စံပြကွက်များ အထွက်နှုန်း မှန်ကန်စေရန် စပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက် ခဲ့သည်။

ကျောက်တလုံးကြီးမြို့၊ ဟမ်းဆီးကျေးရွာ၌ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ဟမ်းဆီးကျေးရွာ၌ ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိနေ သေးသည့် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ၊ မသန်မစွမ်းသူများ၊ နာတာရှည်ရောဂါနှင့် မကူးစက်နိုင်သည့် ရောဂါရှိသူများ အား ယနေ့ နံနက် ၉ နာရှိအချိန်မှစတင်၍ ဟမ်းဆီးကျေးရွာ (အ.ထ.က) ၌ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိသည်။

ပင်းတယမြို့နယ်၌လူဦးရေ(၁၀၀၀၀)ကို ဆေးထိုးစုရပ်(၅)ဖွဲ့ခွဲကာ(Sinopharm) အမျိုးအစားကိုဗစ်-၁၉ရောဂါကာကွယ် ဆက်လက်ထိုးနှံပေး 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒုတိယအကြိမ် ပထမသုတ်အဖြစ် လူဦးရေ စုစုပေါင်း(၁၀၀၀၀) စာအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အောက်တိုဘာလ(၇)ရက်နေ့မှစတင်ထိုးနှံပေးပြီး ယနေ့တွင်လည်း ဆေးထိုးစုရပ်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်း

ရေးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အသက်(၁၀၁) နှစ်အထက် ဘိုးဘွားများအား ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် အသက်(၁၀၁)နှစ်အထက် ဘိုးဘွားများအား ငွေနှင့်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုကို စုရပ် ၈ ခု၌ တတိယမြောက် နေ့အဖြစ် ဆက်လက်ထိုးနှံ

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက် ၅၅နှစ်အထက် ပြည်သူများ၊ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် ဒေသခံပြည်သူများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ MCL ဘိလပ်မြေစက်ရုံဝန်ထမ်းများ၊ စျေးသည်များနှင့် (RESCUE) လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီမှစတင်ကာ ဆေးထိုးစုရပ်၈ခုတို့၌ တတိယမြောက်နေ့ အဖြစ်ထိုးနှံ ပေးလျက်ရှိရာ ကိုဗစ်-ဆေးလာထိုးကြသည့် ပြည်သူများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လိုအပ်ချက်များအား ကြည့်ရှုစစ်ဆေး

ဟိုပန်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ယနေ့ နံနက်(၁၀) နာရီအချိန်က ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထူးကြပ်မတ် ဆောင်ရွက်နေ

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်၍ အထူးကြပ်မတ်ဆောင်ရွက်နေရာ မြို့ဝင်/ထွက် စစ်ဆေးရေး ဂိတ်တွင်လည်း ယနေ့ နံနက်ပိုင်းက ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ဆောင်ရွက်နေသည်။

အသက် ၁၂နှစ်နှင့်အထက် အသက် ၁၈နှစ်အောက် ကလေးများ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်း

မန္တလေးတိုင်းဒေသကြီးအတွင်း အသက် ၁၂နှစ်နှင့်အထက် အသက် ၁၈နှစ်အောက် ကလေးများ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ကြယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ ဝင်းနိုင်နှင့် ယခုလို တွေ့ဆုံမေးမြန်ထားပါသည်။

ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ကာကွယ်ဆေးမထိုးရသေးသူများ အား ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ စုစုပေါင်းလူဦးရေ(၂၀၀၀)ဦးအတွက် ဒုတိယအသုတ် ရောက်ရှိ လာသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး မထိုးရသေးသော ပြည်သူများအား ပထမအကြိမ်အဖြစ် အောက်တိုဘာလ(၈)ရက်နေ့က မြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Subscribe to