မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံအမှာစကား ပြောကြား
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျှက်၊ ယနေ့ မွန်းလွဲ(၁)နာရီက ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိလာရာ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မြို့ဦးအောင်စေတီတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြပြီး စကားဝါဗိမ္မာန်တော်တွင် မြို့နယ်သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်မှ ဆရာတော်ကြီးများနှင့်တွေ့ဆုံ ဩဝါဒခံယူ၍ သင်္ကန်းအစရှိသည့် လှူဘွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြ သည်။