ပင်းတယ အောက်တိုဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒုတိယအကြိမ် ပထမသုတ်အဖြစ် လူဦးရေ စုစုပေါင်း(၁၀၀၀၀) စာအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အောက်တိုဘာလ(၇)ရက်နေ့မှစတင်ထိုးနှံပေးပြီး ယနေ့တွင်လည်း ဆေးထိုးစုရပ်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပင်းတယမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည် များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။ ကာကွယ်ဆေးစုရပ်များအနေဖြင့်အောက်တိုဘာလ(၈)ရက်နေ့တွင်ဓနကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခန်းမ၊ ပွေးလှ(ခန်းမ)၊ ကူးကော်(ဘုန်းတော်ကြီးကျောင်း)၊ တမဲ(အင်းပလက် ဘုန်းတော်ကြီးကျောင်း)နှင့်မိုင်းလီ(အိုးကုန်းကျောင်း)ဆေးထိုးအဖွဲ့ (၅)ဖွဲ့ခွဲကာ ထိုးနှံဆောင်ရွက်ပေးနေကြောင်းလည်းသိရသည်။
ပင်းတယ (ဒေသပြန်/ဆက်)