ကျိုက်မရော အောက်တိုဘာ ၈
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက် ၅၅နှစ်အထက် ပြည်သူများ၊ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် ဒေသခံပြည်သူများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ MCL ဘိလပ်မြေစက်ရုံဝန်ထမ်းများ၊ စျေးသည်များနှင့် (RESCUE) လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီမှစတင်ကာ ဆေးထိုးစုရပ်၈ခုတို့၌ တတိယမြောက်နေ့ အဖြစ်ထိုးနှံ ပေးလျက်ရှိရာ ကိုဗစ်-ဆေးလာထိုးကြသည့် ပြည်သူများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ဆေးထိုးစုရပ်အသီးသီး၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေး ကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကာ ပြည်သူလူထုများ အဆင်ပြေ ချောမွေ့စွာနှင့် စည်းကမ်းချက်များအတိုင်း ထိုးနှံပေးနိုင်ရေး ကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံနေသည့် စုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းနှင့် တတိယမြော က်နေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၅၁၀၀)ဦးရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)