ကျိုင်းလပ်မြို့ ဝမ်လန်းကျေးရွာအတွင်း မိုးစပါးစံကွက်ရိတ်သိမ်း

ကျိုင်းလပ် အောက်တိုဘာ ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျှိုးအုပ်စု၊ ဝမ်လန်း ကျေးရွာအတွင်း စိုက်ပျိုးထားသော မိုးစပါးဆင်းဧကရီ (Raised Bed) စံပြကွက်များ အထွက်နှုန်း မှန်ကန်စေရန် စပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက် ခဲ့သည်။

ထိုသို့ ရိတ်သိမ်းရာတွင် မိုင်းပါလျှိုးအုပ်စု၊ ဝမ်လန်းကျေးရွာအတွင်း စိုက်ပျိုးထားသော မိုးစပါးဆင်းဧကရီ (Raised Bed) စံပြကွက်များအား အထွက်နှုန်းမှန်ကန်စေရန် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးမျိုးသန့်နှင့် ဝန်ထမ်းများ၊ ရပ်/ကျေး လယ်စီအဖွဲ့များက ပူးပေါင်း၍ မိုးစပါး စံကွက်ရိတ်သိမ်း ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)