ပေါက်တောမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်း

ပေါက်တော  အောက်တိုဘာ

မေး။ ဆရာကြီးရဲ့အမည်နှင့် တာ၀န်ထမ်းဆောင်နေတဲ့ ရာထူးတာ၀န်ကို သိပါရစေရှင့်။

ဖြေ။ ကျွန်တော့နာမည်ကတော့ ဦး၀င်းနိုင်ပါ။မြို့နယ်ပညာရေးမှူးဖြစ်ပါတယ်။

မေး။ ဆရာကြီးတို့ရဲ့ အထက်တန်း၊ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။

ဖြေ။ နိုင်ငံတော်ရဲ့အစီအစဥ်နှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးထိုးမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ ပေါက်တောမြို့နယ်မှာ အခြေခံပညာ ကျောင်းပေါင်း (၁၇၀)ရှိတဲ့အနက်က အထက်တန်းဆင့်သင်ကျောင်းနှင့် အလယ်တန်းဆင့်သင် ကျောင်း(၁၁၁)ကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း (၁၄)ကျောင်းအနက်က အလယ်တန်းဆင့်သင် ကျောင်း()ကျောင်း စုစုပေါင်း ကာကွယ်ဆေးထိုးရန် ကျောင်း(၁၁၄) ကျောင်းရှိပါတယ်။ အဲဒီထဲမှာအသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူဦးရေ အလယ်တန်းက (၁၀၁၈၃)ဦး၊ အထက်တန်းက (၁၉၈၃)ဦး၊ စုစုပေါင်း(၁၂၁၆၆)ဦးရှိပြီးတော့၊ ဆေးထိုးစုရပ်(၂၆)ခုမှာ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးမဲ့ ကျောင်းသားကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်တွေကို မြို့နယ်ပညာရေးမှူးရုံးက ဖြည့်သွင်းမှာ ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်လူမှု၀န်ထမ်း ဦးစီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်ကာ စီမံချက်ရေးဆွဲထားပြီးဖြစ်ပါတယ်။

မေး။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးမဲ့ စုရပ်(၂၆)ခုရဲ့ နေရာလေးတွေကိုသိချင်ပါတယ်ရှင့်။

ဖြေ။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံမယ့် စုရပ်တွေကတော့()အထက-ပေါက်တော ()အထက (ခွဲ)ငခူရှည်၊ ()အထက(ခွဲ)ကန်ချောင်း၊ ()အထက(ခွဲ)ဆားပြင် ()အထက(ခွဲ) ဟင်းခရော်() အထက-သပြေကန်၊ ()အထက-လက်ပံပြား ()အထက-သ၀င်ချောင်း၊ ()အလက(ခွဲ) ငပြီကျွန်း၊ (၁၀)အထက-မြင့်ဂါ၊(၁၁)အထက(ခွဲ)ပန္နဲချောင်း၊(၁၂)အထက- ကံဆိပ်၊ (၁၃)အထက(ခွဲ) တောင်ပုက္ကေ (၁၄)အထက-မြောက်ပြား (၁၅)အထက (ခွဲ)ဗျိုင်းသစ်၊ (၁၆)အလက-ငရဗက်ချိုင် (၁၇)အထက(ခွဲ)အလယ်ကျွန်း၊        (၁၈)အထက(ခွဲ)ချောင်းနွယ်၊ (၁၉)အထက(ခွဲ)ယာတိုက်၊ (၂၀)မူလွန်-နထိုင်းပြင် (၂၁)အထက(ခွဲ)ပြိုင်းတောင် (၂၂)အထက(ခွဲ)ညောင်ပင်ချိုင် (၂၃)အထက-ဆင်တက်မော် (၂၄)အထက (ခွဲ)ချီဝေ၊ (၂၅)အထက-ဖဒူ (၂၆)အထက-ကျောက်တောင်တို့ ဖြစ်ပါတယ်။

မေး။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံဖို့ အကျုံး၀င်တဲ့ ကျောင်းသားကျောင်းသူတွေကို သတ်မှတ် နေရာတွေမှာ လာရောက်ထိုးနှံဖို့ အသိပေးမှုတွေကို ဘယ်လိုဆောင်ရွက် ထားပါသလဲ။

ဖြေ။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးဖို့ အကျုံး၀င်တဲ့ ကျောင်းသား/ကျောင်းသူတွေကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေကနေတစ်ဆင့် အသိပေးဆက်သွယ် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။

 

မေး။ မကြာခင်မှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ရှိကြောင်း သိရတဲ့အတွက် ကျောင်းတွေပြန်ဖွင့်ဖို့ ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းသိပါရစေရှင့်။

ဖြေ။ ကျောင်းတွေပြန်ဖွင့်ဖို့အတွက်ကတော့ စာသင်ခန်းသန့်ရှင်းရေး၊ ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေး၊ ကျောင်းခြံ၀င်းလုံခြုံရေး၊ ကျန်းမားရေး ၀န်ကြီးဌာနရဲ့လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါတယ်။

မေး။ မကြာခင်မှာ ကျောင်းတွေလည်းဖွင့်လှစ်တော့မယ်ဆိုတော့ ဆရာ/ဆရာမတွေအားလုံး ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံထားပြီးကြပြီလားရှင့်။

ဖြေ။ ဆရာ/ဆရာမတွေအားလုံးနီးပါးတော့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပြီးကြပါပြီ၊ မထိုးသေးသူတွေ အနည်းငယ် ကျန်ရှိနေပါသေးတယ်၊ ဒီကျန်ရှိနေတဲ့ဆရာ/ဆရာမတွေကိုလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးဖို့ စီစဥ်ထားပါတယ်။

မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးရာမှာ အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ဌာန/ အဖွဲ့အစည်းတွေ ကိုလည်း သိပါရစေရှင့်။

ဖြေ။ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာမှာ အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာန/အဖွဲ့အစည်းတွေ ကတော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ လူမှု၀န်ထမ်းဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ စေတနာ့၀န်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  စာရေးများ၊ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

မေး။ အသက်(၁၂)နှစ်အထက်ကျောင်းသား/ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်မှု အပေါ် ဆရာကြီးရဲ့ ပီတိစကားလေးကိုလဲ သိချင်ပါတယ်ရှင့်။

ဖြေ။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ကျောင်းသား/ကျောင်းသူများ ကျောင်းပြန်လည် တက်ရောက်တဲ့အခါ ကျန်းမာရေးအတွက် ယုံကြည်မှုအပြည့်နှင့် ကျောင်းတက်ရမှာ ဖြစ်ပါတယ်။ကျန်းမာကြံ့ခိုင်စွာနှင့်လည်း ပညာသင်ကြားနိုင်မှာဖြစ်တဲ့အတွက် ကျောင်းသား/ကျောင်းသူမိဘများကိုယ်စား ပီတိဖြစ်မိပါတယ်။ကျောင်းတွေပြန်ဖွင့်ပြီး ပျော်ရွှင်စွာ စာသင်ယူနေတဲ့ မြင်ကွင်းကိုလည်း အမြန်ဆုံး တွေ့မြင်နေချင်ပါပြီ။

 

မေး။ ဆရာကြီးအနေနှင့်ဘာများ ဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ။ ဒီလိုအသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများကိုကာကွယ်ဆေးထိုးပေးရန် စီစဥ်ပေးတဲ့ နိုင်ငံတော်အစိုးရ တာ၀န်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေး၀န်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ၀န်ထမ်းများ၊ NGOINGOများ၊ စေတနာ့၀န်ထမ်းများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

 

အခုလိုပြောကြားပေးတဲ့ ဆရာကြီးကို အထူးဘဲကျေးဇူးတင်ရှိပါတယ်ရှင့်။

တွေ့ဆုံမေးမြန်းသူ/သတင်း - ဒေါ်တင်တင်စိန်