ကသာ အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ စုစုပေါင်းလူဦးရေ(၂၀၀၀)ဦးအတွက် ဒုတိယအသုတ် ရောက်ရှိ လာသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို မြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးရသေးသော ပြည်သူများအား ပထမအကြိမ်အဖြစ်အောက်တိုဘာလ(၈)ရက်နေ့က မြို့တော်ခန်းမ၌ဆက်လက် ထိုးနှံပေး လျက်ရှိသည်။
ထိုသို့ထိုးနှံရာတွင် ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော်၊ သံဃာတေ် များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်ထက် ဘိုးဘွားများနှင့် အသက်(၁၈) နှစ်အထက်ရှိသည့် ပြည်သူ အများက လာရောက်ထိုးနှံကြပြီး ကာကွယ်ဆေးထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက် မှုနှင့် ကူညီဆောင်ရွက် ပေးသည့် လုပ်ငန်းများကိုလည်း မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်း အဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများခွဲကာ အုပ်စုအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ဒုတိယအသုတ်ရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို စုစုပေါင်း လူဦးရေ(၂၀၀၀)ဦးအထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ (၇)ရက်နေ့အထိ စုစုပေါင်းလူဦးရေ (၁၀၀၀)ကျော် ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ကသာ