လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများအား ရွေ့လျားစျေးကားဖြင့် လှည့်လည် ရောင်းချ ပေးလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး တို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ စျေးလေးမှတ်တိုင်တွင် ယမန်နေ့နံနက်ပိုင်း ၇ နာရီစ၍ ဆန်၊ ဆီ၊ ကြက်ဥများကို ရွေ့လျားစျေးကားဖြင့် စျေးနှုန်းသက်သာစွာ လှည့်လည် ရောင်းချပေး လျက်ရှိသည်။