ကျောက်တလုံးကြီး အောက်တိုဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ဟမ်းဆီးကျေးရွာ၌ ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိနေ သေးသည့် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ၊ မသန်မစွမ်းသူများ၊ နာတာရှည်ရောဂါနှင့် မကူးစက်နိုင်သည့် ရောဂါရှိသူများ အား ယနေ့ နံနက် ၉ နာရှိအချိန်မှစတင်၍ ဟမ်းဆီးကျေးရွာ (အ.ထ.က) ၌ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကာကွယ်ဆေး လာရောက်ထိုးနှံသည့် နောင်ကားကျေးရွာအုပ်စု၊ နောင်ပစ်ကျေးရွာ အုပ်စု၊ နာဟီးကျေးရွာအုပ်စု၊ အသုံးတော်ကျေးရွာအုပ်စုတို့မှ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ကာ ဟမ်းဆီး ကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဒေါ်နန်းနွယ်၊ ကျောက်တလုံးကြီးမြို့၊ တိုက်နယ်ပြည်သူ့ ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်ခင်ရတနာကျော်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွင် လိုအပ်သည်များကို ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်မှူး ဦးစောချမ်းနှင့်ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျောက်တလုံးကြီး မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇)အုပ်စုတို့မှ အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်မစွမ်းသူများ၊ နာတာရှည်ရောဂါနှင့် မကူးစက်နိုင်သည့် ရောဂါရှိသူများ၊ သံဃာတော် များ၊ နိုင်ငံဝန်ထမ်းများအား စက်တင်ဘာ(၁၉)ရက်နေ့မှ အောက်တိုဘာ(၇) ရက်နေ့ထိ စုစုပေါင်း (၅၅၈၁) ဦးကို ပထမအကြိမ် (Sinopharm) Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးကြောင်း သိရသည်။
မြဝင်း(ကျောက်တလုံးကြီး)