တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထူးကြပ်မတ် ဆောင်ရွက်နေ

တန့်ယန်း အောက်တိုဘာ ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်၍ အထူးကြပ်မတ်ဆောင်ရွက်နေရာ မြို့ဝင်/ထွက် စစ်ဆေးရေး ဂိတ်တွင်လည်း ယနေ့ နံနက်ပိုင်းက ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ဆောင်ရွက်နေသည်။

အဆိုပါ အထူးကြပ်မတ် ဆောင်ရွက်နေမှုတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ တာဝန်ကျဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက မြို့တွင်းသို့ သွားလာနေကြသော ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ အား ကျန်းမာ ရေး စစ်ဆေးဆောင်ရွက်သည့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အဝင်အထွက် စစ်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်စေခြင်းတို့ကို မြို့ဝင်/မြို့ထွက်ဂိတ်တွင် ဆောင်ရွက်နေကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)