ရေးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အသက်(၁၀၁) နှစ်အထက် ဘိုးဘွားများအား ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရေး အောက်တိုဘာ

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် အသက်(၁၀၁)နှစ်အထက် ဘိုးဘွားများအား ငွေနှင့်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထို့နောက် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးကျော်ကျော်ဦးနှင့် ဝန်ထမ်းများသည် ရပ်ကွက်/ကျေးရွားများရှိ အသက်(၁၀၁)နှစ်အထက် ဘိုးဘွား() ဦးတို့၏ အိမ်အရောက် ထောက်ပံ့ငွေကျပ် (၅၀၀၀ဝိ/-)နှင့် အသုံးအဆောင်ပစ္စည်းများကို ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ရေးမြို့နယ်တွင် အသက်(၁၀၀)နှစ်အထက် ဘိုးဘွား(၄၄)ဦးရှိသည့်အနက် ပြည်နယ်လူမှု ဝန်ထမ်း ဦးစီးဌာန၏ သတ်မှတ်ချက်အရ အသက်(၁၀၁)နှစ်အထက် ဘိုးဘွား ()ဦးတို့သာ ရရှိကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်