နတ်မောက် အောက်တိုဘာ ၂
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုတိုးလာသဖြင့် ယနေ့မွန်းတည့် (၁၂)နာရီ တိုင်းထွာချက် အရ ရေပိုလွဲမှ (၀.၉) ပေ ဆက်လက်ရေကျော်လျက်ရှိကြောင်း အဆိုပါနတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံမှသိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် အောက်တိုဘာလ (၁) ရက်နေ့တွင် တမံရေပြည့် အမှတ် ၆၈၃ ပေ၊ လက်ရှိရေအမှတ် ၆၈၄.၁ ပေ ရှိ၍ (၀.၉) ရေပိုလွှဲမှရေကျော်ကျလျက်ရှိခဲ့ပြီး ယနေ့ မွန်းတည့် (၁၂)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် ၆၈၃.၉ ပေရှိပြီး (၀.၉)ပေ ရေပိုလွှဲမှဆက်လက်ရေကျော်ကျ လျက်ရှိကြောင်းသိ ရသည်။
“ကျွန်တော်တို့ နတ်မောက်မြို့နယ်မှာ အောက်တိုဘာလအတွင်း မိုးရွာသွန်းမှုများတာကြောင့် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသော်လည်း တမံအောက်ဘက်ရှိဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်မရှိပါဘူး၊ မျက်မြင်စစ်ဆေးမှုအခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင် ကောင်းမွန်ပါတယ်၊ ကျွန်တော်တို့ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄)နာရီ ပတ်လုံး စောင့်ကြပ် ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်၊ တမံအတွင်းရေဝင်ရောက်မှုအခြေအနေနဲ့ တမံရေပိုလွှဲမှရေကျော်ကျမှုအခြေအနေတွေကို ဒေသခံ ပြည်သူတွေသိရှိအောင် အချိန်နဲ့တပြေးညီအသိပေးနှိုးဆော် ဆောင်ရွက်ထားပါတယ်’’ဟု ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးထိန်လင်း ထံမှသိရသည်။
သင်းသင်းမြတ်