ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ မြန်ဆန်သွက် လက်စေရန် သတ်မှတ်နေရာများနေရာတိုးထိုးနှံပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများမြန်ဆန်သွက်လက်၍ ပြည်သူများလာရောက်ထိုးနှံမှုအချိန်ကုန်သက်သာစေ ရန်နှင့်ခရီးစရိတ်သက်သာစေရန် အောက်တိုဘာ ၂ရက်နေ့မှစတင်ပြီး ကာကွယ်ဆေးထိုး စုရပ်များကျေးရွာများထိဖြန့်ကျက်ထိုးနှံပေးလျှက်ရှိကြောင်း ညောင်ဦးမြို့နယ်၊စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်ခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွား လမ်း လာ ပြည်သူများအား အောက်တိုဘာ ၁ ရက်နေ့ နံနက် ၈ နာရီ အချိန်က မြို့မတောင်ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေးမှူး ရုံးရှေ့တွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေး ဆောင်ရွက် ပေး ခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း သိရ သည်။

လောင်းလုံးမြို့နယ်အတွင်းရှိ Community Positive Center နှင့် Trement Centerများမှ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ အသက်(၆၀)နှင့်အထက် သက်ကြီးရွယ်အိုများနှင့်မသန်စွမ်းသူများ ထောက်ပံ့ငွေများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်တွင် Community Positive Center နှင့် Trement Centerများ မှ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ အသက်(၆၀) နှင့်အထက် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများထောက်ပံ့ငွေများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗထူးခန်းမ၌ ကျင်းပပြု လုပ်ကြောင်းသိရသည်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ ခုတင်(၁၀၀၀)ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၌ ကိုဗစ်-၁၉ ကုသရေးစင်တာခုတင် (၁၀၀၀) ဖွင့်ပွဲကိုယမန်နေ့နေ့လယ် (၂)နာရီအချိန်ကကျင်းပသည်။

ကျိန္တလီမြို့၌ အသက်(၄၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမစုရပ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အသက်(၄၅)နှစ်အထက်ပြည်သူများအား စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကား

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ပြီး ကျန်းမာလာသူ၏ ရင်းတွင်းစကားသံကို ပြန်လည်ပြီးဖော်ပြပေးလိုက်ပါသည်။

မိုးနဲမြို့နယ်၌ ၁၈နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်ခန်းမ၌ ၁၈နှစ်ပြည့်ပြီးသူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသူများအား ဆက်လက်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို ယမန်နေ့ နံနက် ၉ နာရီက ဆေးထိုးစုရပ်(၄)နေရာတွင် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေးရွာ၌ အသက်၁၈နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေးရွာ၌ အသက် ၁၈နှစ်ပြည့်ပြီးသူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ ​ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကယားပြည်နယ်အတွင်း အသက်(၁၂)နှစ် ပြည့်ပြီးသော အခြေခံပညာအလယ်တန်း ၊ အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်အတွင်း အသက်(၁၂)နှစ် ပြည့်ပြီးသော အခြေခံပညာအလယ်တန်း ၊ အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to