ကယားပြည်နယ်အတွင်း အသက်(၁၂)နှစ် ပြည့်ပြီးသော အခြေခံပညာအလယ်တန်း ၊ အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်ကော်          အောက်တိုဘာ   

 

ကယားပြည်နယ်အတွင်း အသက်(၁၂)နှစ် ပြည့်ပြီးသော အခြေခံပညာအလယ်တန်း အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ကယားပြည်နယ် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်()ချက်အရ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှု၊ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုမြင့်မားရေးအတွက် ဦးတည်အုပ်စုများ သတ်မှတ်ပြီး ဦးစားပေးအလိုက် ကာကွယ်ဆေးထိုးနှံပေးနေမှု ဒေသတွင်းနှင့် နိုင်ငံတကာတို့တွင် ကျောင်းများ ပြန် လည်ဖွင့် လှစ်နိုင်ရေးအတွက် ကျောင်းသားကျောင်းသူများအား  ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုနှင့် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် အခြေခံပညာအလယ်တန်း၊ အထက်တန်းတွင် ပညာသင်ယူနေသည့် အသက်(၁၂)နှစ် ပြည့်ပြီးသော ကျောင်းသား ကျောင်းသူများသည်  ဦးစားပေးအုပ်စုများတွင် ပါဝင်သဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့နယ်အလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖွဲ့စည်းဆောင်ရွက်သွားမည့်အခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ကာကွယ်ဆေးထိုး နှံပေးမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြပြီး ပြည်နယ်ပညာရေးမှူး ဦးလူဆီယားနိုက သတ်မှတ်ထား သည့် ကျောင်းများအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။

 

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိန်ဦး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ရဲမှူးကြီးမျိုးဆွေနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူ တို့က အထွေထွေဆွေးနွေးခဲ့ကြပြီး ကယားပြည်နယ် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ အတင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက နိဂုံးချုပ် အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ ပြည်နယ်စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိန်ဦး ပြည်နယ်သယံဇာတဝန်ကြီးဌာန ဝန်ကြီး ဦးစောဟူးဟူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဝင်းဦး၊  ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ရဲမှူးကြီးမျိုးဆွေ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)မှ ကိုယ်စားလှယ်နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

 

ခရိုင်(ပြန်/ဆက်)