နတ်မောက်မြို့နယ်တွင် မိုးရွာသွန်းမှုများသောကြောင့် နတ်မောက်မြို့အထွက် နတ်မောက်-မကွေးကားလမ်းဘေးရှိ ဌာနဆိုင်ရာရုံး များရေဝင်ရောက်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်တွင်ယနေ့နံနက်(၆)နာရီအချိန်ခန့်ကမိုးရွာသွန်းမှုကြောင့်နတ်မောက်မြို့အထွက်နတ်မောက်မကွေးကားလမ်းဘေးရှိဌာနဆိုင်ရာရုံးများရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၁၃၁၀) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၁၃၁၀)ဦး အား ၂၀၂၀-၂၀၂၁ ခုနှစ်၊ တတိယအကြိမ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများက ယမန်နေ့ ညနေက လူမှုရေးပင်စင်များအား နေအိမ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (၀ ဒသမ ၂ ပေခန့်) ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (၂ ဒသမ ၄ ပေခန့်) ရေကျော်ကျလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (သုညဒသမနှစ်ပေခန့်) ရေကျော်ကျမှုရှိပြီး ဆဒ္ဒန် ဆည်ရေလှောင်တမံရေပိုလွှဲမှ (၂ ဒသမ ၄ပေခန့်) ရေကျော်ကျမှုရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။

ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm )ဒုတိယအကြိမ်၊ ပထမအသုတ်​လူဦးရေ(၇၉၅) ဦး ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ အသက် (၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinopharm) အား ဒုတိယအကြိမ် ပထမအသုတ် စုစုပေါင်း လူဦးရေ (၇၉၅)ဦးအား ထိုးနှံပေးခြင်းကို အောက်တိုဘာလ (၂) ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမ၊ ကျုံး(အ.ထ.က)နှင့် အင်းငယ်(အ.ထ.ကခွဲ)တို့တွင် ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် သာသနာ့ဗိမာန်တွင် ယနေ့နံနက်၈နာရီက ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ် အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက ပြည်ခရိုင်အတွင်း ဒေသခံသတင်း မီဒီယာသမားများအား သတင်းမီဒီယာ ဆိုင်ရာလိုက်နာရမည့်ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှတာဝန်ရှိသူများက ပြည်ခရိုင်အတွင်း ဒေသခံသတင်းမီဒီယာသမားများနှင့်တွေ့ဆုံ၍ သတင်းအမှား၊ သတင်းအတုကိစ္စ၊ သတင်းမီဒီယာကျင့်ဝတ်များလိုက်နာရန်ကိစ္စရပ်များအားဆွေးနွေးလမ်းညွှန်မှာကြားခြင်းနှင့်PressHelmetဦးထုပ်အပါအဝင်သတင်းမီဒီယာဥပဒေစာအုပ်များအခမဲ့ပေးအပ်သည့်အခမ်းအနားကို ပြည်မြို့ ခေတ္တရာ မြို့သစ် (၁၀)လမ်းထိပ်ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန Community Centre ၌ ယနေ့ နံနက် ၁၀နာရီက ကျင်းပခဲ့သည်။

မုဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ်ကို ၃၁၄၀၆ ဦးအား ထိုးနှံပေးပြီးဖြစ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက အသက်(၅၅) နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား မြို့မ (၄)ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးနှင့် ကန်ကြီးဓမ္မာရုံတို့၌ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

တနင်္သာရီမြု့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ပြည်သူများအကြား ကူးစက်ပျံ့နှံ့လျက်ရှိသော ကိုဗစ်-၁၉ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိပဲ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသော ဦးတင်လင်း၏ ရင်တွင်းစကားသံကို ယခုလို ဖော်ပြပေးလိုက်ရပါသည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် (၅၄၁၅)ဦးထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်နှင့်(၆၄)နှစ် ကြားပြည်သူများ၊ နိုင်ငံ့၀န်ထမ်းနှင့် မိသားစု၀င်များ ၊စက်ရုံ ၊ အလုပ်ရုံများမှ ၀န်ထမ်းများ၊ မသန်စွမ်းသူ များ၊ ပရဟိတအသင်း၀င်များ လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပေးလျှက်ရှိရာ ယနေ့အထိ(၅၄၁၅)ဦးကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။

ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) အောင်မြင်စွာ ထိုးနှံပြီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်) ထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅) နှစ်အထက် ပုဂ္ဂိုလ်များနှင့် ပြည်သူများကို စက်တင်ဘာလကုန်တွင် လူဦးရေ (၃၀၀၀) ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာ ထိုးနှံပြီးကြောင်း သိရသည်။
Subscribe to