ကျိန္တလီမြို့၌ အသက်(၄၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

ကျိန္တလီ အောက်တိုဘာ ၂

 

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမစုရပ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အသက်(၄၅)နှစ်အထက်ပြည်သူများအား စတင်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း ၊ ကျိန္တလီမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာအောင်ခင်ထွေးတို့က ဆေးထိုးနှံရန်ရောက် ရှိလာသောပြည်သူများအား ကာကွယ်ဆေးမထိုးမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ စာရင်းဇယားမှတ်တမ်းရယူခြင်း ကျန်းမာရေးဝန်ထမ်းမျာက ကိုယ်အပူချိန် တိုင်းတာခြင်း ၊ သွေးပေါင်း ချိန်တိုင်းတာခြင်းစသည့်ကျန်းမာရေး စစ်ဆေးခြင်းများပြုလုပ်ပြီးမှ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသူ များကို မိနစ်(၃၀)အနားယူစေကာစသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး   ကျိန္တလီနယ်မြေရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျိန္တလီမြို့ပေါ်ရပ်ကွက်များမှ စေတနာ့ဝန်ထမ်းများက ဆေးလာရောက်ထိုးနှံသူများအား ကူညီလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက် / ကျေးရွာအုပ်စုများမှ  အသက်(၄၅)နှစ်အထက်ပြည်သူ(၂၁၂)ဦး ၊ နိုင်ငံ့ဝန်ထမ်း (၅)ဦး ၊ နိုင်ငံ့ဝန်ထမ်း မိသားစု (၈)ဦး ပြည်သူစုစုပေါင်း(၂၂၅)ဦးတို့အား ကာကွယ်ဆေးထိုး နှံပေးခဲ့ကြောင်းသိရသည်။

 

ခိုင်မိုးမင်း(ပြန်/ဆက်)