ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေးရွာ၌ အသက်၁၈နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

ရေဖြူ     အောက်တိုဘာ  ၂ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေးရွာ၌ အသက် ၁၈နှစ်ပြည့်ပြီးသူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ ​ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ရေဖြူမြို့နယ်အနေဖြင့်  ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးကို  ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေး ခြင်းဖြစ် ကြောင်း၊ ကာကွယ်ဆေးမှာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုး အစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးလျက်ရှိကြောင်း ယမန်‌​နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးသူ (၇၃၃၅)ဦးရှိပြီး ယနေ့ ကျွဲသုံးညီမကျေးရွာတွင် (၄၁၀)ဦး ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်ကလိန်အောင်မြို့၊မြို့အုပ်ချုပ်‌​ရေးမှူးဦး‌​အောင်နိုင်က အနီးကပ်ကြီးကြပ်၍ ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများက စာရင်းများ မှတ်တမ်းယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးထိုးနှံပေး၍ ဆေးထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့် အနားယူ စေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ  ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကူညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ဖြူဖြူရှိန် (ရေဖြူ)