ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကား

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ပြီး ကျန်းမာလာသူ၏ ရင်းတွင်းစကားသံကို ပြန်လည်ပြီးဖော်ပြပေးလိုက်ပါသည်။

ကျွန်တော်ကတော့ အမှတ်(၅)ရပ်ကွက် သီတာလမ်းမှာနေထိုင်တဲ့ ပညာရေးဝန်ထမ်းဦးကောင်းမြတ်လွင်ဖြစ် ပါတယ်။ ကျွန်တော်ကိုဗစ်-၁၉ရောဂါကူးစက်မဖြစ်ပွားမီ(၃)ရက်လောက်အလိုမှာ ကိုယ်လက်တွေကိုက်ခဲပြီး နှာစေးပြီး နှာရည်ယိုတယ် ချောင်းအနည်းငယ်ဆိုးတယ် နောက်ပိုင်းရက်မှာ ချွဲသလိပ်ထွက်တယ် နှာခေါင်း ပိတ်တယ် ကျောတွေလည်းအောက်ပြီး ခေါင်းအနည်းလည်း‌ကိုက်တယ် အစာစားတဲ့အခါ အနံ့အရသာမရ တော့ပဲ စား၊နေရင်းနဲ့ ဘာအရသာမှကိုမရှိတော့တာလေ။အဲ့လိုလက္ခဏာဖြစ်တော့ ကိုဗစ်-၁၉ရောဂါပိုးရှိ/မ ရှိ သွားရောက် စစ်ဆေးခံတော့ ကိုဗစ်-၁၉ရောဂါပိုး ဝင်ရောက်ကူးစက်ခံရပြီး ရောဂါပိုးတွေ့ရှိတယ်အဖြေ ထွက်ပါတယ်။ အဲ့ဒါနဲ့မြို့နယ်မှာဖွင့်လှစ်ထားတဲ့ ကိုဗစ်-၁၉ရောဂါကုသရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုကုသရေး Center ဖြစ်တဲ့ အခြေခံပညာအထက်တန်းကျောင်း မှာသွားရောက်ပြီးတော့(၁၀)ရက် ဆေးကုသမှုခံယူ ခဲ့ပါတယ်။

ကုသရေးစင်တာမှ သွားရောက်ပြီးဆေးကုသမှုခံယူတဲ့အခါမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျန်းမာရေးအသိ ပညာပေးထုတ်ပြန်ချက်တွေကို စနစ်တကျလိုက်နာပြီးနေထိုင်ခဲ့ပါတယ်။အသက်ရှူအားကောင်းစေတဲ့လေ့ကျင့် ခန်းတွေလုပ်ပါတယ်။ကျန်းမာရေးဌာနက ဆရာ/ဆရာမတွေလာပြီးတော့ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ တိုက်တဲ့ ဆေးတွေကိုလည်း စနစ်တကျအချိန်မှန်သောက်ခဲ့ပါတယ်။ အစားအသောက်တွေကိုလည်း စနစ်တကျစား ပါတယ်။ စေတနာရှင်မိဘပြည်သူတွေကလာရောက် လှူဒါန်းတဲ့ အာဟာရရှိတဲ့အစားအသောက်တွေကိုလည်း စနစ်တကျ စားသုံးခဲ့ပါတယ်။ အားရှိပြီး ကိုယ်ခံအားကောင်းအောင် အိပ်ရေးမပျက်ပဲအိပ်ရေးဝအောင် အိပ်လို့ပျော် အောင်အိပ်ပါတယ်။ဆေးကုသမှုခံယူပြီးနောက် ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန် လာတဲ့အခါ ကိုယ့်အိမ်မှာ Stay Home (၇)ရက်ပြန်လည်နေထိုင်ခဲ့ပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း ကိုဗစ်-၁၉ရောဂါပိုး မဖြစ်ပွားစေဖို့ ကူးစက်မှုမခံရစေဖို့အတွက် အပြင်ထွက် တိုင်း ပါးစပ်နှာ‌ခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ကြဖို့ လက်ကိုဆပ်ပြာရည် လက်သန့်ဆေးရည်နဲ့ မကြာခဏ ဆေးကြောဖို့နဲ့ လူစည်းကာပြီး လူထူထပ်တဲ့နေရာတွေကို သတိထားသွားလာမှုရှောင်ကြဉ်ကြဖို့ ကိုယ်ခံအားကောင်းမွန်အောင် အာဟာရ ဖြစ်စေမယ့် အစားအသောက်တွေကိုစနစ်တကျစားသုံးဖို့ ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ဖို့ အိပ်ရေးအပျက်မခံပဲ အိပ်ရေးဝအောင်အိပ်ကြဖို့အတွက် တိုက်တွန်းအပ်ပါတယ်။

မျိုးမင်းဦး