နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ(၀.၇)ပေ ဆက်လက် ရေကျော်ကျလျက်ရှိ
မကွေးတိုင်ဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှု တိုးလာသဖြင့် ယနေ့နံနက် ၆ နာရီတိုင်းထွာချက်အရ ရေပိုလွဲမှ(၀.၇)ပေ ဆက်လက်ရေကျော် လျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံမှ သိရသည်။