ဆီဆိုင်မြို့နယ်တွင် မိဘပြည်သူ စုစုပေါင်း ၁၅၃၄၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မိဘပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၉ ရက် မှ အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၉နာရီခန့်က စတင်၍ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန(၈)ခုတွင် သတ်မှတ်ဆေးထိုး စုရပ်များ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။