တွံတေး အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဦးဆောင်မှုဖြင့် တွံတေမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ တွံတေးမြို့နယ်တွင် ယနေ့နံနက် ၉နာရီက အိုးဘိုအရှေ့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ရွှေညောင်ပင်လမ်းဆုံတွင် စားသုံးဆီလက်လီအရောင်းသယ်ယူ ပို့ဆောင်ရေးနှင့်ရောင်းချရေး ယာဉ်တော်ယာဉ်များ အသားရောင်းယာဉ်တို့ဖြင့် မြို့နယ်နေပြည်သူများအား အခြေခံစားသောက်ကုန် များဖြစ်သည့် ဆန်နှင့် ဆီ၊ အသားများကိုဈေးနှုန်း သင့်တင့်စွာလာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် စာသုံးဆီတစ်ပိသာကိုငွေကျပ်၃၈၀၀ ဖြင့်လည်းကောင်း၊ ရွေ့လျားစျေးကား Mobile Market ဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ ဆက်