မိုင်းလုံ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၁၈)နှစ်နှင့် အသက်(၅၅)အထက် ပြည်သူများနှင့် ဦးစားပေးအလိုက် သတ်မှတ်ထားသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလုပ်ငန်းကို ယနေ့နံနက်က နမ့်ပိန် ရပ်ကွက်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက Sinopharm အမျိုးအစား ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံရာတွင်အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေး အဖွဲ့အစည်း များနှင့် ပုဂ္ဂလိက ဝန်ထမ်းများကို ထိုးနှံပေးခြင်းဖြစ်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိုင်းလုံလူငယ် ပရဟိတ အသင်းတို့ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပြီး (၂-၁၀-၂၀၂၁) မှ (၃-၁၀-၂၀၂၁)ထိ ပြည်သူ(၃၀၀)ဦးကို ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း သွေးပေါင်ချိန်ခြင်း စသည့် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများပြီးမှ ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း၊ ဆေးထိုးနှံပေးရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)