မိုးညှင်း အောက်တိုဘာ ၂
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး(Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေးခြင်းကို အောက်တိုဘာ(၁)ရက်နေ့တွင် သက်မှတ်သည့်နေရာများ၌ ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာ၌ မိုးညှင်းမြို့နယ်အတွင်းရှိ မိုးညှင်း၊ ဟိုပင်၊ နန်းမားနှင့် မော်ဟန်ဒေသ များတွင် သံဃာတော်/သီလရှင်(၂၆)ပါး၊ ဌာနဆိုင်ရာဝန်ထမ်း(၇၈)ဦး၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း(၈)ဦး၊ စေတနာ့ဝန်ထမ်း(၄၅)ဦး၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း(၄)ဦး၊ ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးဝန်ထမ်း(၆၉)ဦး၊ အခြားဝင်ငွေရှိသောလုပ်ငန်း လုပ်ကိုင်သူ(၇၁၃)ဦး၊ စားသောက်ကုန်ပစ္စည်းရောင်းချသူများ(၃၄၄)ဦး၊ မှီခို(၃၁၃)ဦး၊ မသန်စွမ်းသူ(၁)ဦးနှင့် နာတာရှည် ရောဂါရှိသူ(၂၉)ဦး စုစုပေါင်း(၁၆၃၀)ဦးတို့ကို ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိ သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကာကွယ်ဆေးထိုး နှံမှုများ ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကာကွယ်ဆေးထိုးနှံပြီးသူများကို နိုဝင်ဘာလပထမ အပတ်တွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်