ကျောက်မဲမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကျောက်မဲ  အောက်တိုဘာ  

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိရာ ပိန္နဲကုန်းကျေးရွာ၊ ဇလပ်ဝါ လက်ဖက်စက်ရုံရှိ လုပ်သားဝန်ထမ်း မိသားစုများနှင့် ခိုမုန်းကျေးရွာ အုပ်စု၊ ခိုမုန်းကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီ အချိန်က ဇလပ်ဝါ လက်ဖက်စက်ရုံ၌ ကျင်းပခဲ့သည်။

 အဆိုပါအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျောက်မဲခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးထင်အောင်နှင့်ဝန်ထမ်းများ၊ခိုမုန်းကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးစိုင်းလှကျော်၊ လက်ဖက်စက်ရုံမှ လုပ်သားဝန်ထမ်းမိသားစု စုစုပေါင်း ၇၀ ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်မဲခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစန်းဝင်းက ပန်းခင်းစီမံ ချက်ဆိုင်ရာ များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်လက်ဖက်စက်ရုံမှ ဆောင်ရွက်ခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ၅၆ ကတ်၊ အိမ်ထောင်စု လူဦးရေစာရင်း ၁၆ စုနှင့် ခိုမုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည့်နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၄၁ ကတ်တို့ကို ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က အသီးသီးပေးအပ်ခဲ့ကြရာ စက်ရုံလုပ်ငန်းရှင် ဦးလှတင်နှင့် ခိုမုန်းကျေးရွာအုပ်စု ဥက္ကဋ္ဌတို့က လက်ခံရ ယူခဲ့ကြပြီး စက်ရုံလုပ်ငန်းရှင် ဦးဇော်အောင်က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ပန်းခင်းစီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက် ပေးခြင်းကို  ၂၀၂၁ မေလ မှ ၂၀၂၂ နိုဝင်ဘာ လအထိ  ၁၈ လကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်မည့်သူများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံး၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ ထံသို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း သိရသည်။

မိုင်းထွန်း