ကျိန္တလီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံ များ

ကျိန္တလီ      အောက်တိုဘာ  ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကုသရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ တစ်ဦး၏ရင်တွင်းစကားသံများကို အောက်ပါအတိုင်းဖော်ပြ လိုက်ရပါတယ်။

ကျွန်တော့်နာမည်က ဦးဖေသန်းပါ။ အသက်ကတော့ (၅၇)နှစ်ပါ နေတာကတော့ အမှတ်(၁)ရပ် ကွက် ၊ ဦးဥတ္တမလမ်းမှာနေပါတယ်၊၊ အလုပ်အကိုင်ကတော့ နိုင်ငံ့ဝန်ထမ်းဖြစ်ပါတယ်။ ကျနော်က ကိုဗစ် ဘယ်လိုကူးစက်ခံရလည်းဆိုတာတောင်အသေအရှာမသိပါဘူး နောက်ပြီးကျနော်က ကိုဗစ် ရောဂါ ကူးစက်ခံရမှာကိုအရမ်းလည်းကြောက်တယ်၊ အဲဒါကြောင့် ကိုဗစ်ဖြစ်နေတဲ့ကာလမှာ ရုံးတွေကလည်း ပိတ်ထားတာဆိုတော့ ကျနော့အိမ်ကနေဘယ်မှလည်းမသွားဖြစ်ပါဘူး အဲ့လိုဘဲ နေထိုင်ရင် နဲ့ တစ်နေ့မှာတော့ ည ၇နာရီလောက်မှာ ကိုယ်လက်ကိုက်ခဲလာတယ် ၊ ကိုယ်အပူနည်း နည်းတက်လာပြီး ဖျားတယ်  ၊  နောက်တော့အနံ့ပါပျောက်လာတယ် အဲဒါနဲ့ကျနော်ကိုဗစ်များဖြစ်ပီး လားဆိုပြီး ကြောက်စိတ်တွေဝင် လာတယ် ၊ ကျနော့်မှာ ၂၀၁၇ခုနှစ်က အသားဝါစီပိုးရောဂါ ၊ အသဲအဆီ ဖုံးရောဂါ ၊ လေးဘက်နာရောဂါ ဖြစ်ခဲ့ဖူးတယ်ဆိုတော့အရမ်းကြောက်တဲ့ စိတ်ဝင်လာ တယ် အဲဒါနဲ့ (၆-၉-၂၀၂၁)ရက်နေ့မှာကျနော် ကျိန္တလီပြည်သူ့ဆေးရုံသို့ဆက်သွယ်လိုက်တယ် ဆေးရုံက ကားနဲ့လာခေါ်တယ် အဲ့နေ့မှာဘဲ စစ်ဆေးလိုက်တော့ ကိုဗစ်ကူးစက်နေပြီဆိုတာကို သိလိုက်ရပြီး ဆေးရုံတွင်တက်ရောက်ဆေးကုသမှုကို (၁၀)ရက်ကြာခံယူခဲ့ရတယ် ၊ ဆေးကုသမှုခံ ယူနေတဲ့ရက်တွေမှာလည်း ကျန်းမာရေးဝန်ထမ်းများက ကျနော်အပါအဝင် ကိုဗစ်ရောဂါနဲ့ဆေးရုံ တက် ရောက် ကုသနေတဲ့ လူနာတွေကို နေ့စဉ် မနက်တစ်ကြိမ် ညနေတစ်ကြိမ် လာရောက်ပြီး အပူတိုင်းပေးတယ် ၊ သွေးပေါင်ချိန်ပေးတယ်၊ အောက်စီဂျင်ကျ/မကျ တိုင်ပေးတယ်  ဒီလိုဆေးကုမှုခံ ယူနေရင်နဲ့ဘဲ ရောဂါသက်သာပျောက်ကင်းလာတဲ့အတွက် ၁၇-၉-၂၀၂၁ ရက်နေ့မှာ ဆေးရုံဆင်းခွင့် ရခဲ့တယ် ၊ ကိုဗစ်ရောဂါဟာ ကျနော့စိတ်ထဲတွင် ကြောက်စရာကောင်းတဲ့ ရောဂါမဟုတ်ပါဘူးလို့ ထင်မိပါတယ်  ၊ အဲဒါကြောင့် မိမိတို့မြို့အတွင်းနေထိုင်သည့် ပြည်သူများ အနေဖြင့်လည်း ကိုဗစ် လက္ခဏာလို့ သံသယဝင်လာပါက အမြန်ဆုံးနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြီး အချိန်မီ သွားရောက် စစ်ဆေးမှုကိုပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ် ။

ခိုင်မိုးမင်း