ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေးကောင်းမွန်စေရေးအတွက် အင်္ဂလိပ် စာသင်တန်းပြန်လည်ဖွင့်လှစ်

ရန်ကုန် အောက်တိုဘာ ၂

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများင်္ဂလိပ် အရည်အသွေး ကောင်းမွန်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် င်္ဂလိပ် စာသင်တန်းကို ရန်ကုန် အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)( Community Centre) ၌ယနေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ င်္ဂလိပ် စာသင်တန်းကို ဇူလိုင်လ ၃ ရက်နေ့ဖွင့်လှစ်ခဲ့ရာ၊ ကိုဗစ်-၁၉ရောဂါအခြေအနေများကြောင့် ခေတ္တယာယီပိတ်ထားပိတ်ထားခဲ့ပြီး၊ ယနေ့အောက်တိုဘာ ၂ ရက်နေ့မှစ၍ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေ နေ့များတွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိရုံးတက်ချိန်မထိခိုက်စေဘဲ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။

ယင်း င်္ဂလိပ် စာသင်တန်းတွင် Vocabulary Building, Communication Grammar,Reading Comprehension, Translation ဘာသာရပ်များကိုသင်ကြားပို့ချပေးမည်ဖြစ်သည်။

ယခု င်္ဂလိပ် စာသင်တန်းသို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်း(၁၈)ဦး တက်ရောက် သင်ကြား ပြီး သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သင်တန်းသား များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခြင်း တို့ကိုဆောင်ရွက်ပေးထားကာစိတ်ချမ်းမြေ့စွာသင်ယူနိုင်ကြကြောင်းသိရှိရသည်။

အောင်မြင့်