မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မကွေး    အောက်တိုဘာ   

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မင်းဘူး(စကု) မြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကူးစက်မှုကို ခံစားခဲ့ရပြီး Quarantine Centre နှင့် Treatment Centre များတွင် ဆေးကုသမှုခံယူခဲ့ရသော ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ကြေးများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မင်းဘူး(စကု) မြို့နယ် ကံဦးရိပ်သာ Quarantine Centreတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉၊ တတိယလှိုင်း ကူးစက်မှုကို ခံစားခဲ့ရပြီး Quarantine Centreနှင့် Treatment Centre များတွင် ဆေးကုသမှုခံယူခဲ့ရသော ထိခိုက်လွယ်အုပ်စုများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေးအတွက် နိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်းရှိ လူမှုဝန်ထမ်းဦးစီးဌာန များမှတစ်ဆင့် ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိကြောင်း၊ မကွေးတိုင်း ဒေသကြီးအစိုးရနေဖြင့်လည်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါကြောင်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/သူ များအားလည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူး၊ မကွေးခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်ခံစားခဲ့ရပြီး (..၂၀၂၁)ရက်နေ့မှ (၁၆..၂၀၂၁) ရက်နေ့အထိ Quarantine Centre နှင့် Treatment Centre များတွင် ဆေးကုသမှုခံယူခဲ့ရသော အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ်()သောင်းနှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ် ခဲ့ပြီးအဘိုးအဘွားများကိုယ်စား ရပ်မိရပ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကူးစက်မှုခံခဲ့ရပြီး  Quarantine Centreနှင့် Treatment Centre များတွင် ဆေးကုသမှုခံယူခဲ့ရသော  အသက်(၆၀) နှစ်နှင့်အထက် ဘိုး/ဘွားများ(၄၉၅)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၁၅)ဦး၊ အသက်() နှစ်အောက် ကလေးငယ်(၆၅) ဦးနှင့် မသန်စွမ်းသူ()ဦးအတွက် တစ်ဦးလျှင် ငွေကျပ်()သောင်းနှုန်းဖြင့် ထောက်ပံငွေ (၁၇၄) သိန်းကျပ် ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)