ဂွ အောက်တိုဘာ ၃
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ဂွမြို့နယ်တွင်ကိုဗစ်၁၉ရောဂါကူးစက်ပျံ့နှံ့မှု လျော့ကျစေရေးအတွက် နယ်မြေခံတပ်ရင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက အိမ်အပြင်ထွက်ကတ်ပါရှိမှု ရှိ/မရှိ နှင့်နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲသွားလာနေသူများအား စစ်ဆေးဆောင်ရွက်ခြင်းများကို ယမန်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် လူအသွားအလာများသည့် မီးပွိုင့်လမ်းဆုံတွင်ပါးစပ်၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေကြသူများ၊ အိမ်ပြင်ထွက်ကတ်မပါရှိဘဲသွားလာနေသူများနှင့် ခရီးသွားလာကြသူများအား စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင်မြို့နယ်နယ်မြေခံတပ်ရင်းမှတာဝန်ရှိသူများ၊မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းရေးအဖွဲ့များသည် လူအသွားအလာများသည့် မီးပွိုင့်လမ်းဆုံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ပြည်သူများနေအိမ်ပြင်ပသို့အကြောင်း မဲ့ထွက်ခွာမှုမရှိစေရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာပါက Maskတပ်ဆင်ရန်၊ ကျန်းမာရေးကိစ္စမှအပ အကြောင်းမရှိဘဲနေအိမ်ပြင်ပသို့သွားလာခြင်းမပြုရန်၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှထုတ်ပေးထားသည့်အိမ်ထောင်စုတစ်စုလျှင်တစ်ဦးသာပြင်ပထွက်ခွင့်ကတ်ပြားအားယူဆောင်လာရန်၊နေအိမ်ပြင်ပသို့ထွက်ခွါရာတွင် ပြင်ပထွက်ခွင့်ကတ်ပြားကိုင်ဆောင်ထားမှုရှိ/မရှိကိုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်သူများကကိုဗစ်စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်လျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်