ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၁ ဦး ထပ်မံတွေ့ရှိ၊ ၂၆ ဦး ပြန်လည်ကျန်းမာလာ

ဟားခါး    အောက်တိုဘာ   ၃

ဟားခါးမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၁ ဦးထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၂၆ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။    

ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၀၅၇ ဦး၊  ဆေးရုံ ဆင်းခွင့်ရသူ ၉၁၀ ဦး၊ သေဆုံးသူ ၃၀ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၁၇ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)