မိုင်းရယ် အောက်တိုဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုများကို ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာ ပေးခြင်းကို ယမန်နေ့ ညနေပိုင်းက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့်ဆော်ဩမှု ပြုလုပ်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ အသိပညာပေး ဆော်ဩမှုများကို မိုင်းရယ်မြို့နယ်၊ ပြည်သူ့ စာကြည့်တိုက်တွင် အသံချဲ့စက် Song Box ဖြင့် ဆော်ဩမှုပြုလုပ်ခြင်းများကို လည်းကောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး တေးသီချင်းများ ဖွင့်လှစ်ခြင်းနှင့် စာကြည့်တိုက်သို့ လာရောက်သူများအား ကိုယ်ပူချိန်တိုင်းခြင်း၊ စနစ်တကျ လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်း Mask များဖြန့်ဝေခြင်းများကို နေ့စဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မိုင်းရယ် မြို့နယ်ရုံး ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကိုဗစ်-၁၉ အသိပညာပေး ဆော်ဩမှုများကို မြန်မာဘာသာ၊ ရှမ်းဘာသာများဖြင့် စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိသည်။
ဟန်နီခင်