မိုင်းခတ်မြို့တွင် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊တိုက်ကျွေးခြင်းများဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉နာရီခွဲက မိုင်းခတ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန တွင်ဆောင်ရွက်ခဲ့သည်။