မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Brewery စက်ရုံနှင့် Mammee စက်ရုံရှိဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မင်္ဂလာဒုံ အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့ နယ်စက်မှုဇုန်ရှိ Myanmar Brewery စက်ရုံနှင့် Mammee စက်ရုံရှိ ဝန်ထမ်းများအား အောက်တိုဘာလ ၁ရက်နေ့ မွန်းလွဲ (၁)နာရီမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှကျန်းမာရေးမှူးဦးဆောင်သည့်ကျန်းမာရေးဝန်ထမ်းများက စက်ရုံဝန်ထမ်းများအား ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏတိုင်းတာခြင်း၊ ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းစေခြင်းတို့ကို ဆောင်ရွက်ပေးပြီးပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကာကွယ် ဆေးထိုးနှံပြီးနောက် နာရီဝက်ခန့်စောင့်ကြည့်ခြင်းတို့ကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် Myanmar Brewery စက်ရုံမှဝန်ထမ်း စုစုပေါင်း (၈၉)ဦးနှင့် Mamme စက်ရုံမှဝန်ထမ်း စုစုပေါင်း (၁၇)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးနှံပြီးသော စက်ရုံဝန်ထမ်း စုစုပေါင်း (၄၄၄၅၉)ဦး(1 st dose)နှင့် (၃၀၈၄၅)ဦး(2 nd dose)ရှိပြီဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီး ဌာနမှသိရသည်။

 သန္တာ (ပြန်/ဆက်)